''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
******အခန်း ( ၃၇ )******
စစ်သွေးလျှံတစ်ယောက် လွမ်းစရာဆိုတာ ဘာလဲ သိလာသလိုလိုပါပင် အခုကတော်ပါသေးတယ်ပေါ့ ခွန်းဆက်ပိုင်နဲ့စကားပြောနေရလို့ ဖုန်းလေးနဲ့ ပြန်သွားတာဆယ်ရက်ကျော်ရှိနေပြီးဆိုပေမဲ့ အင်တာနက်ကရော ဖုန်းနဲ့ရောအဆက်သွယ်လေးရနေတော့တော်သေးတာပေါ့အခုလည်းသတိရနေတော့ ဖုန်းလေးကို ထုတ်ပြီးခွန်းဆက်လေးဆီသို့ ဆက်နေလေတော့သည်။
''တူ...တူ....တူ....''
သူဖုန်းခေါ်နေပေမဲ့ တစ်ဖက်မှ မကိုင်ပါ။ နောက်ထပ်သူထပ်ခေါ်နေသေးသည်။
''တူ...တူ....တူ.....''
ဖုန်းကဝင်နေပေမဲ့ လုံးဝမကိုင်ပါ။
သူစိတ်ထဲမှာ တင်းလာပါပြီး ဘာလို့မကိုင်တာလဲ ပြောထားရဲ့သားနဲ့ သူဖုန်းခေါ်လို့ မကိုင်တာကိုသူအရမ်းမုန်းတာ သိသိကြီးနဲ့ ဖုန်းခေါ်မရတော့ အင်တာနက်လေးပေါ်ကနေတက်ရှာနေသည်။ မီးစိမ်းကပြနေပေသည် သူစာချက်ချင်းပို့လေတော့သည်။
''ဘာလုပ်နေတာလည်း ဖုန်းကိုင်လေကွာ ခေါ်နေတာဘယ်လောက်ကြာပြီးလဲ ''
တစ်ဖက်က ဘာမှမပြန်သလို ကြည့်လည်းမကြည့်ပါပေ။
သူစာတွေထပ်ပို့နေလေသည်။
''စာပြန်ပါကွာ ညီ ဖုန်းလေးလည်းကိုင်ပါကွာ မင်းစာမဖတ်လျှင်ကိုယ်နေမတက်ဘူးကွာ''
သို့သော်သူစာပြန်မလာသလို စာလည်းမဖတ်ပါပေ။
သူတော်တော်လေးကိုစိတ်တိုလာလေတော့သည်။
''တောက်... မင်းကွာ ''
စစ်သွေးလျှံတစ်ယောက်ဒေါသတွေထွက်လာလေပြီး။ ဒေါသထွက်လို့ ဖုန်းကိုကိုင်ပေါက်ချင်စိတ်တောင် ပေါက်လာပြီး ဖုန်းလေးကိုပိတ်ပြီးထပြီးပေါက်မည်အလုပ်မှာ လက်ကလေးကခလုတ်ကိုထိသွားတော့ သူနဲ့ခွန်းဆက်လေးရဲ့ အပုံလေးကထွက်လာလေသည်။ ချစ်စရာကောင်းသော ခွန်းဆက်ပုံလေးက သူ့ဖုန်းမှာနေရာယူထားလေသည်။ သူဖုန်းရဲ့ နေရာအားလုံးမှာ အပြည့်ယူထားတာ ခွန်းဆက်ရဲ့ပုံကလေးတွေပါ သူ့ကိုအဲ့လောက်တောင်သူချစ်ရပါသည်။ အဲ့တာကိုမသိတာလား သူ့စိတ်ကိုများ စမ်းနေတာလားဖုန်းဝင်လျှက်နဲ့မကိုင် စာပို့လည်မဖတ် မပြန်နဲ့ ဘာတွေလုပ်နေတာလည်း အမေအိမ်ပြန်တာဘဲ ဘာများအလုပ်လုပ်စရာရှိလို့ မကိုင်အားဖြစ်နေရတာလည်း မနေ့ကအထိ သူဖုန်းပြောနေသေးတာ ဘာမှလည်းမဖြစ် စိတ်ဆိုးစကားလည်းမများပါဘဲ ဘာလို့များလဲ သူ့အတွေးလေးတွေများလာလေသည်။ သူ့ဖုန်းမို့မကိုင်တာလား သူ့ကိုသက်သက်ညှင်းဆဲခြင်လို့ဘဲဖြစ်ရမယ် ရတယ် မေမေဖုန်းနဲ့ခေါ်မယ် မေမေဖုန်းဆိုတော့ သူကိုင်မှာဘဲ ဟုတ်တယ်...
ŞİMDİ OKUDUĞUN
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantastikရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...