''ကျွန်တော်ချစ်ရသော ထိုကောင်လေး ''
*****အခန်း ( ၁၀ ) *****
''ကလင် ကလင် ကလင် ''
ဖုန်းသံလေးထမြည်လာလို့ တည်ငြိမ်ခန့်ကြည့်လိုက်တော့ ခန့်ငြားသွင်ဆီကဖုန်းပါ။
''ဟယ်လို ပြော ''
''တည်ငြိမ်ခန့် ''ခန့်ငြားသွင်ကခေါ်လေသည်။
''ပြောလေ ခန့်ငြား ''
''အေး ငါလေ အခုလူတစ်ယောက်နဲ့ဒိတ်လုပ်ချင်လို့ ''
''ဟေ ဘယ်သူလဲကွ ငါသိလို့ရမှာလား''
''သူက ငါ့ကိုအင်တာနက်ကနေတစ်ဆင့် ဆက်သွယ်လာတာ သူ့နာမည်က စိုင်းညီညီတဲ့ ''
''ဟာမင်းဟာကလည်း ဟုတ်ပါ့မလား ဟိုအကောင်တွေရော သိပြီးပြီးလား ''
''မသိရသေးဘူး မင်းကိုအရင်ပြောပြတာ သူတို့သိလျှင်သဘောမတူလောက်ဘူးဆိုတာ သိနေလို့''
''မင်းကလည်းကွာ သူတို့နှစ်ယောက်ကသာ သဘောမတူဘူးဆိုလျှင် ဘာလို့ဒိတ်နေဦးမှာလည်း''
''အဲ့လိုလည်း မဟုတ်ဘူးလေ မင်းကငါနဲ့ role ချင်းနီးစပ်တော့ နားလည်ပေးနိုင်မယ်ထင်လို့ ''
''အေးလေ ငါနားလည်ပါတယ် ဒါပေမဲ့ ဟိုနှစ်ကောင်သိလျှင်အရမ်းပေါက်မှာ ''
''ငါကလည်း ရိုးရိုးလေးတွေ့ကြည့်ယုံပါ မင်းကိုအကဲခတ်ခိုင်းကြညိ့မလို့ပါ''
''အေး တကယ်လို့ငါပါသဘောမတူလျှင် မင်းရှေ့ဆက်မတိုးရဘူးနော်''
''အိုကေ ကတိပေးတယ် ''
''အိုကေလေ ဒါပေမဲ့ဟိုနှစ်ကောင်ကိုတော့သိသွားလျှင်မနည်းပြောရမှာ ''
''အေးပါ သူ့ကိုငါဒီအပတ် စနေနေ့ချိန်းထားလိုက်မယ် ''
''အင်း အခုရောဘာလုပ်နေလဲ ''
''အခန်းထဲမှာဘဲ မင်းရော ''
''အမေ့စာရင်းတွေပေါင်းလုပ်ပေးနေတာ''
''အိုကေလေ ဒါဆိုမနက်ဖြန်ကျောင်းရောက်မှတွေ့မယ် ''
''အိုကေ ဘိုင်ဘိုင် ''
ခန့်ငြားသွင်သည် အင်တာနက်မှတစ်ဆင့် သူ့ဆီသို့ဆက်သွယ်လာသော စိုင်းညီညီဆိုသောသူအား အနည်းငယ်စိတ်ဝင်စားမိလေသည်။ ထို့ကြောင့် တည်ငြိမ်ခန့်အား အကျိုးအကြောင်းပြောကာ သူငယ်ချင်းအချင်းချင်း ဖွင့်ပြောပြတာ ပါ။ မြတ်သူကျော်နှင့် ဘုန်းလရောင်တို့ကို မပြောရဲပေ သူတို့ကအဲ့လိုတွေလုပ်လျှင်မကြိုက်ကြပေ ပြီးတော့ ပြောရလျှင်လည်း မြတ်သူကျော်နှင့် ဘုန်းလရောင်တို့သည် သူတို့နှစ်ယောက်ဖြစ်သော ခန့်ငြားသွင်နှင့် တည်ငြိမ်ခန့်တို့ကို အဖြစ်သည်းကာပိုပြနေသလို တစ်ခါတစ်ခါခံစားမိလေသည်။ ဒါကို တည်ငြိမ်ခန့်လည်း ပြောပြဖူးလေသည် မြတ်သူကျော်နှင့် ဘုန်းလရောင်တို့က ဂေးလ်လို့သာပြောပေမဲ့ သူတို့လောက်တော့ မဟုတ်ပေ ပြီးတော့ ကလပ်တွေဘားတွေ သွားတယ်ဆိုတာကလည်း သူတို့လူဆုံမှသာသွားကြလေသည် သူတို့ဘာသာတစ်ယောက်တည်းမသွား သွားပြီးဆိုလည်း ခန့်ငြားသွင်နဲ့ တည်ငြိမ်ခန့်တို့သာ အကဲစမ်းနေကြလေသည်။ သူတို့နှစ်ယောက်က အဲ့လောက်မဟုတ်ပြန်ပေ သူတို့လုပ်သမျှကို လိုက်ပြီး အဆင်ပြေအောင် လုပ်ပေးနေသလို ခံစားမိလေသည်။ ဒါပေမဲ့လည်း သူငယ်ချင်းအရင်းကြီးတွေဆိုတော့လည်း နားလည်ရလည်း ခက်ပြန်ပေသည်။ အခုတော့ တိတ်တ်ိတ်လေး ဇာတ်လမ်းဆင်ကြည့်နေလေသည်။
YOU ARE READING
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...