''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
***အခန်း ( ၈ )***
မြတ်သူကျော်တို့အဖွဲ့လေးသည် စနေနေ့ကျောင်းပိတ်ရက်မို့ လိုအပ်တာလေးဝယ်ရန် ကုန်တိုက်လေးသို့ထွက်လာခဲ့လေသည်။ မိဘအသိုင်းအဝိုင်းက ချမ်းသာကြတော့ သူတို့လေးတွေက အပူပင်သိပ်မရှိဘဲ ပေါ့ပါးစွာဘဝကို ဖြန်သန်းနေကြလေသည်။ အခုလည်း သူငယ်ချင်းတစ်စု ကုန်တိုက်လေးသို့ စျေးဝယ်ထွက်လာကြလေသည်။ သူတို့ရဲ့ထူးခြားချက်တွေက အဲ့လိုအုပ်စုလိုက်သွားလာကြပြီးဆိုလျှင်အားလုံးဟာ ဆင်တူလေးတွေဝတ်ဆင်ကြလေသည်။ လေးယောက်စလုံး ချောမောသန်းနေကြတော့ ဆင်တူလေးဝတ်စုံနှင့် လူအများကြားမှာ ထင်လင်းနေလေသည်။
''ခန့်ငြား မင်းမနေ့ကပြောတဲ့ တံဆိပ်ကဘာလဲ'' ဘုန်းလရောင်ကပြောလေသည်။
''အိတ်တံဆိပ်လား ''ခန့်ငြားသွင်ကပြန်ပြောလေသည်။
''အေးလေကွာ ''
''ကူချီ''
''အေး အဲ့တာလေး ဝယ်လျှင်ကောင်းမလားလို့ ''
''အေး အဲ့တာလေးလှတယ်ကွ '' တည်ငြိမ်ခန့်ကပြောလေသည်။
''အေးအဲ့တာဆိုအဲ့ဆိုင်ဘက်ခြမ်းကိုသွားမယ်လေ'' ဘုန်းလရောင်ကပြောလေသည်။
ထို့နောက် ဘုန်းလရောင်ကပင်ပြောပြီး လမ်းကွေ့လေးထဲသို့ကွေ့အဝင် ....
''ဒုတ် ''
ရင်ဘက်နဲ့ ခေါင်းနဲ့တိုက်တဲ့အသံပါ ဟုတ်ပါတယ် ဘုန်းလရောင်ရင်ဘက်နဲ့ ကောင်လေးတစ်ယောက်ရဲ့ ခေါင်းနဲ့မတော်တဆတိုက်မိကြလေသည်။ ဘုန်းလရောင်က အရပ်အမောင်းမြင့်မား၍ ထိုကောင်လေးမှာ သေးသေးကျစ်ကျစ်နဲ့ သူ့အရပ်မှာ ဘုန်းလရောင်ရဲ့ ရင်ဘက်လောက်သာရှိသောကြောင့် တိုက်မိတော့ ခေါင်းနှင့်ရင်ဘက်တန်းသွားခြင်းဖြစ်လေသည်။
''အား ''
သူဘက်ကနေလည်း အသံထွက်လာလေသည်။ သြော်သူကလည်းတိုက်သေး သူကဘဲအော်ရတယ်ရှိသေးတယ်။
''ဆော်ရီးနော်အကို ကျွန်တော်တောင်းပန်ပါတယ် ''
''သြော်ရပါတယ် ညီရာ ''

JE LEEST
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...