''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း ( ၃၉ )*****
နောက်တစ်နေ့ရောက်တော့ စစ်သွေးလျှံတစ်ယောက် ကျောင်းချိန်ပြီး၍ ခွန်းဆက်ပိုင်အား သွားစောင့်နေလေတော့သည်။ထုံးစံအတိုင်းပင် ကျောင်းသားကျောင်းသူတွေသာကုန်သွားသည် ခွန်းဆက်ပိုင်ကိုမတွေ့ရပေ။ သူဆက်စောင့်နေတာအချိန်တော်တော်လေးကြာတော့ စိတ်ကတိုလာလေပြီး ဘာလဲသူ့ကို အရူးလုပ်လိုက်တာလား ဒါမှမဟုတ်မတွေ့ချင်လို့များ ရှောင်နေတာလား သူလာကြိုမှာကိုသိသိကြီးနဲ့ ဘာလို့အခုလိုလုပ်တာလည်း အတွေးတွေများလာလေတော့သည်။ ထို့နောက်ဖုန်းကိုထုတ်ကာ ခွန်းဆက်ပိုင်ပေးထားသောဖုန်းနံပါတ်ကိုခေါ်ကြည့်လေတော့သည်။
''ဟယ်လို...''
''မင်းဘယ်တွေသွားနေတာလဲကွာ ကိုယ်ဒီမှာစောင့်နေရတာ အကြာကြီးအခုချိန်ထိမင်းမတွေ့ရသေးဘူး အခုဘယ်မှာလည်း''
''ညီကိစ္စရှိလို့ တစ်နေရာသွားနေတာ''
''ကိစ္စရှိလို့သွားမယ်ဆိုလျှင်လည်း ကိုယ့်ကိုပြောလေ ကိုယ်လိုက်ပို့ပေးမှာပေါ့ကွာ''
''အားနာလို့ပါ''
''တော်ပါကွာ ဘာလို့အဲ့လိုတွေပြောနေတာလည်း အခုဘယ်မှာလည်း ကိုယ်လာခဲ့ရမှာလား''
''ကြာဦးမှာ စောင့်မနေနေဲ့တော့နော် အိမ်ပြန်တော့နော်အကို ''
''ဘာတွေလုပ်နေလို့ဒီလောက်ကြာနေတာလည်း ကိုယ့်ကိုမပေးသိရအောင်ဘာကိစ္စများလဲပြော''
''မဟုတ်ပါဘူး ညီ့ကိစ္စလေးနည်းနည်းပါ''
''ညီကွာ မင်းမမိုက်ဘူးနော် နောက်နေ့ကျကိုယ့်ကိုပြောသွား ကိုယ်လိုက်ပို့ပေးမယ် ''
''ဟုတ်ကဲ့ပါ''
''ဒါဆိုလည်းဒါဘဲနော်ဖုန်းချတော့မယ်''
''ဟုတ်ကဲ့ ကားဂရုစိုက်မောင်းနော်''
''ကိုယ့်ဘာသာကိုယ်ဘယ်လိုမောင်းမောင်း''
''ကိုနော်''
''အေးပါ''
ထို့နောက် စစ်သွေးလျှံတစ်ယောက်ဖုန်းချလိုက်လေတော့သည်။ထို့နောက်စစ်သွေးလျှံတစ်ယောက် စိတ်မချသေး၍ ခွန်းဆက်၏အစောင့်ရှေ့မှာသွားစောင့်နေလေသည်။ ညသာမိုးချုပ်လာသည် ခွန်းဆက်ကပြန်မရောက်သေးပေ သူလည်းဗိုက်ကတော်တော်ဆာနေလေပြီး ညနေကတည်းကဘာမှမစားရသေး အခု ချိန်ထိ ဘယ်တွေသွားလို့ ဘာတွေလုပ်နေတာလဲကွာ သူတစ်ယောက်တည်း စိတ်တွေပူဒေါသတွေထွက် ခံစားမှုတွေစုံလို့ပါဘဲ... သူနာရီကိုကြည့်မိတော့ ညဆယ့်တစ်ကျော်နေပြီး ဖုန်းခေါ်တော့လည်းမရ စက်ပိတ်ထားလေသည်။သူစိတ်ရှည်ရှည်နဲ့ဆက်စောင့်နေလေတော့သည်။ ဤသို့ဖြင့် ညဆယ့်နှစ်နာရီထိရောက်လာလေတော့သည် ညကတော်တော်ကိုမှောင်နေလေပြီး သူလည်းလာရာလမ်းမကြီးကိုငေးမျှော်ကြည့်နေလေသည်။ထိုအချိန်မှာပင် ပုံမှန်လေးနဲ့ဖြေးဖြေးလေးလျှောက်လာနေသူက ခွန်းဆက်ပိုင်ပါ ဟုတ်ပါတယ် ခွန်းဆက်မှခွန်းဆက်ပါ သူသူ့ဆီသို့ရောက်သည့်အထိစောင့်မနေနိုင်တော့ သူအမြန်ပင်ပြေးသွားလေတော့သည်။ စိတ်ပူတာတွေရော၊ ဒေါသဖြစ်နေတာရော ရှုပ်ထွေးနေကာ သူရဲ့ထွက်ပေါ်လာသောစကားသံတွေက မာနေလေသည်။
ŞİMDİ OKUDUĞUN
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantastikရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...