" ကျွန်တော်ချစ်ရသော ထိုကောင်လေး " Part ( 30 )

244 14 4
                                    

''ကျွန်တော်ချစ်ရသော ထိုကောင်လေး''

              အခန်း  ( ၃၀ )

   ဒီနေ့လေးဟာဆိုလျှင်ဖြင့် မြတ်သူကျော်၊တည်ငြိမ်ခန့်၊ခန့်ငြားသွင်၊ဘုန်းလရောင်နှင့် Johnny တို့ရဲ့ ရင်ခုန်ကာ စိတ်လှုပ်ရှားစရာလေးဖြစ်တဲ့နေပါ ဟုတ်ပါတယ် ဘာလို့လဲဆိုတော့ ဒီနေ့လေးဟာ သူငယ်ချင်းတွေစုပေါင်းပြီး ဖွင့်တဲ့ဆိုင်လေးရဲ့ဖွင့်ပွဲနေ့လေးပါ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊မိတ်ဆွေသူငယ်ချင်းများ၊ စာနယ်ဇင်းမှပုဂ္ဂိုလ်များ၊ သတင်းမီဒီယာသမားများ အစအဆုံးရောက်နေကြပါပြီး အားလုံးကိုယ်စီလည်း အပြုံးလေးတွေဝေဆာနေကြပါပြီး အဓိကဖွင့်ပွဲအတွက်ဖိတ်ကြားထားသော ဧည့်သည်တစ်ယောက်ကျန်သေးပါသည် ဟုတ်ပါသည်ခွန်းဆက်ပိုင်ပါဘဲ အချိန်ကတော့ ဆယ်မိန်စ်ခန့်လိုနေသေးပါတယ် ဒါကြောင့်လည်းဖြစ်နိုင်ပါတယ် လူတွေကတော့တစ်ဖြည်းဖြည်းနဲ့များသထက်များလာပါတယ် ကျောင်းနေဖက်မိတ်ဆွေများ မိဘတွေရဲ့အသိုင်းအဝိုင်းများ ရပ်သိရွာသိမိတ်ဆွေတွေကလည်း အထူးကိုလာအားပေးကြလေသည်။

           ထိုသို့အချိန်လေးမှာဘဲ ထိုနေရာလေးကို ကားလေးတစ်စင်းရပ်လာလေတော့သည် ကားလေးရပ်တာနဲ့တစ်ပြိုက်နက်အားလုံးက ထိုကားလေးစီသို့ အကြည့်လေးတွေရောက်ကုန်ကြလေသည်။ ဟုတ်ပါသည် ထိုကားလေးထဲမှ ခွန်းဆက်ပိုင်ဆင်းလာလေသည် အဖြူရောင်လက်ရှည်ကို အပေါ်ကနိုင်ငံခြားစတိုင်ဖြစ်ကုတ်အင်္ကျီအနက်ရောင်လေးဝတ်ကာ ဘောင်းဘီကိုလည်း အနက်ရောင်ပင်ဝတ်ခဲ့လေသည် မှာကြားထားသော သပ်ရပ်သေသပ်သော အနောက်တိုင်းစတိုင်ဖြင့်ကြွရောက်ပေးဖို့တောင်းဆိုထားသောကြောင့် ခွန်းဆက်ပိုင်အခုလို ဝတ်ဆင်လာခဲ့လေခြင်းပါ ခွန်းဆက်ပိုင်ကား ပေါ်မှဆင်းလာတာနှင့် မီဒီယာသမားများ ဓာတ်ပုံဆရာများက အပြေးအလွှားနဲ့ အမိအရဖမ်းယူ မေးမြန်းလေကြတော့သည်။

    ထို့နောက်ခွန်းဆက်ပိုင်လည်း ဖွင့်ပွဲလေးအတွက်ပြင်ဆင်ထားသောနေရာလေးသို့ ရောက်လာခဲ့လေသည်။ ထို့နောက်ပြင်ဆင်ထားသည့်အတိုင်းပင် အဆင့်ဆင့်လုပ်ဆောင်သွားကာနောက်ဆုံးတော့ ခွန်းဆက်ပိုင်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့လေသည်။ ထို့နောက် ကြွရောက်ချီးမြင့်ပေးကြသော ဧည့်သည်များကို အကျွေးအမွေးများဖြင့် ဧည့်ခံလေနေတော့သည်။ ထို့နောက်ဖွင့်ပွဲသို့တက်ရောက်လာကြသော လူကြီးမိဘများက ဆိုင်သစ်အတွက်ဂုဏ်ပြုစကား များဆုတောင်းပေးစကားများပြောကြလေသည်။ ခွန်းဆက်ပိုင်လည်း လိုအပ်သောရိုက်ကူးမှုများပြုလုပ်ပေးပြီးနောက် အသင့်ပြင့်ထားသော နေ့လည်စာ အခန်းသို့ဝင်ရောက်လာခဲ့လေတော့သည်။

" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )Where stories live. Discover now