" ကျွန်တော်ချစ်ရသော ထိုကောင်လေး " Part ( 7 )

329 22 2
                                    

'' ကျွန်တော်ချစ်ရသော ထိုကောင်လေး ''

              ****အခန်း ( ၇ )****

           စစ်သွေးလျှံတစ်ယောက် ညစာလေးစားပြီး စာကြည့်နေလေသည်။ လူငယ်သဘာဝအပျော်အပါး ရှိပေမဲ့လည်း ပညာရေးသည်အရေးကြီးကြောင်း လက်ခံထားသည်။ ထို့ကြောင့်လည်း ပညာရေးကိုကြိုးစားသည် ရည်မှန်းချက်လည်း ထားရှိထားသည် အခုလက်ရှိကျောင်းပြီးလျှင် နိုင်ငံခြားမှာ ပညာဆက်သင်ဖို့လည်း ရည်မှန်းထားသည်။ လောလောဆယ်အိမ်မှာတစ်ယောက်တည်း မေမေတို့က သူ့မိတ်ဆွေရဲ့သား ခွန်းဆက်ပိုင်ကို သွားကြိုနေကြသည်။ မကြာခင်တော့ရောက်လာတော့မည် သူဘယ်လိုလူမျိုးလည်း မသိပေမဲ့ လောလောဆယ်ဆယ် သူ့အိမ်ကိုရောက်လာမှာတော့ သိပ်မကြည်ဖြူချင် ဒါပေမဲ့လည်း မိဘတွေသဘောထားအရ သူဘာမှမပြောခဲ့ပါ ဒါပေမဲ့ ရောက်လာလျှင်တော့ အခြေအနေကြည့်ပေါင်းရမှာပါလေ ကိုယ်ကအကြီးဘဲ ပြီးတော့သူက အပျော်လာတာမှ မဟုတ်တာ ပညာရေးအတွက်ဘဲ ငါ့အတွက်လည်း အဖော်ရတာပေါ့ ကောင်းမွန်စွာတွေးပြီး ဖြေသိမ့်လိုက်သည်။ သိပ်မကြာပါဘူး နောက်ထပ်မိနစ်နှစ်ဆယ်ခန့်ကြာတော့ ကားသံကြားပါသည် ။ မေမေတို့ရောက်လာပြီး ထင်သည်။ သွားဆင်းကြိုမှပါလေ နောက်ဆိုမကောင်းဘူး ....

''သားရေ သား ''သူတောင်အောက်မရောက်လာသေး အောက်ထပ်မှ မိခင်၏ ခေါ်သံက ရောက်လာပေသည်။

''ဗျာ မေမေ သားဆင်းလာနေပါပြီး ''

''သားရဲ့ အေးလာပါဦး မေမေက ဟော့ဒီကသားလေးနဲ့ မိတ်ဆက်ပေးရမှာ ''

မိခင်ကနည်းနည်းတော့ အဖြစ်သည်းပြီးဟု စိတ်ထဲကနေပြောလိုက်မိသည်။

      သူအောက်ရောက်တော့ အထုပ်ကလေးဆွဲလို့ အသက် ၁၇ဝန်းကျင်အရွယ် ကောင်လေးတစ်ယောက် ဆံပင်လေးကလည်း ထိုးထိုးထောင်ထောင် နဲ့ အသားအရည်ကတော့ ဖြူပါတယ် နယ်မှာနေတာဆိုပေမဲ့ မျက်နှာလေးကတော့ အားငယ်နေတဲ့ပုံ။

''သား မေမေပြာထားတဲ့ သားလေးခွန်းဆက်တဲ့ ''

''ဟုတ်ကဲ့မေမေ ''

''မင်းက ခွန်းဆက်ပိုင်လား''

''ဟုတ်ကဲ့အကို ''သူကပြန်ပြောရင်းပြုံးပြရှာပေသည်။

" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )Where stories live. Discover now