''ကျွန်တော်ချစ်ရသော ထိုကောင်လေး ''
***အခန်း ( ၆ ) ***
''ဟျောင့် တည်ငြိမ်ခန့် ''ဘုန်းလရောင်ကခေါ်လိုက်လေသည်။
''ပြောလေ ဘုန်းရောင် ''တည်ငြိမ်ခန့်က ပြန်ပြောလေသည်။ တည်ငြိမ်ခန့်သည် ဘုန်းလရောင်အား ဘုန်းရောင်လို့သာ ခေါ်လေသည်။
''မင်းအခုတစ်လော ပျောက်နေတယ်နော် ခေါ်တိုင်းလိုလိုလည်း မလိုက်ဘူး''
''မဟုတ်ပါဘူး ဘုန်းရောင်ရာ ငါဘယ်မှမသွားချင်လို့ပါကွာ ''
''မင်းအပိုတွေပြောနေတာငါသိတယ်နော် တည်ငြိမ် '' မြတ်သူကျော်ကပါ ပြောလေသည်။
''တကယ်ပါကွာ မြတ်သူရာ ''
''အေးဒါဆိုလည်းပြီးတာတွေထားလိုက်တော့ ဒီညကလပ်ဒိုးမယ် အဲ့တော့မင်းလိုက်ခဲ့'' ခန့်ငြားသွင်က ပြောလေသည်။
''ငါအဆင်မပြေလောက်ဘူးကွာ သူငယ်ချင်းရာ''
''အဲ့စကားကိုမပြောနဲ့လို့ မင်းကိုဘယ်နှစ်ခါပြောရမလဲ မင်းအဲ့လိုပြောနေတာတွေကိုက ငါမကြိုက်တာ ငါတို့ကသူငယ်ချင်းတွေဘဲရှိအတူ မရှိအတူဘဲကွ မင်းမှာမရှိလည်း ငါတို့မှာရှိတယ် မင်းဘာမှ အခုလိုပြောနေစရာမလိုဘူး ဘုန်းလရောင်က '' ဒေါသသံနဲ့ပြောလေတော့သည်။
''ဒါပေမဲ့ကွာ.... ငါလေ ''သူ့စကားတောင်မဆုံး မြတ်သူကျော်က
''ဒါပေမဲ့တွေ ညာပေမဲ့တွေလုပ်မနေဲ့ ဒီညမလိုက်လို့ကတော့ မင်းငါတို့သုံးယောက်နဲ့တွေ့ပြီး ''
''ဟုတ်တယ်ကွ ''ခန့်ငြားသွင်ကပါ ပြောလေသည်။
''အေးပါ လိုက်ခဲ့ပါ့မယ် ဒါနဲ့ဘယ်ကိုသွားမှာလည်း''
''မင်းအကောင်ရှိတဲ့ ကလပ် ''ဘုန်းလရောင်ကပြောလေသည်။
''ဟာ ဘယ်ကငါ့အကောင်လဲကွ ''
''Johnny လေကွာ သူ့သံစဉ်လေးမှာ သွားပြီးစီးမျှောကြမယ်ကွာ ကံကောင်းရင်မင်းတောင် သူနှင့်နောက်ထပ်တစ်ပုဒ်လောက် ထပ်ဟစ်ရနိုင်တယ်''
''အေးပါကွာ လိုက်ခဲ့ပါမယ် ''
''ငါလည်း သူ့ကိုဆိုချင်တယ် ''ခန့်ငြားသွင်ကပြောလေသည်။
YOU ARE READING
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasyရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...