307-308

7.2K 813 12
                                    

အခန်း ( ၃၀၇ )

ဒီပတ်ဝန်းကျင်မှာ ကျီးနွမ်တစ်ယောက် အန္တရာယ်ကို ပိုပြီးတော့ခံစားနိုင်မည်မှန်း မော့ကျင်းရှန်းသိသော်ငြား သူမကတော့ သင့်တင့်လျောက်ပတ်စွာသာ ပြုမူသည်။

တခြားသူတွေကိုဒုက္ခမပေးချင်သည့်သူမကြောင့် သူလည်း အပိုတွေထပ်ပြောမနေတော့ဘဲ အိပ်ချင်မူးတူးဖြစ်နေသော သူမမျက်နှာကို ညင်သာစွာ ဆွဲညှစ်လိုက်သည်။ " မျက်နှာသစ်သွားတိုက်ဖို့လုပ်ဦး။ တစ်ခုခုစားရအောင် "

ထိုစဉ် အပြင်ဘက်မှ လူတစ်ယောက်က သူ့ကို အော်ခေါ်သည်။

" Mr.မော့ "

ကျီးနွမ်ကို နောက်တစ်ခါ ထပ်ကြည့်မိတော့ သူမက ဖုန်းလင်းပြင်ပေးထားသည့် သွားတိုက်တံနှင့်သွားတိုက်ဆေးကို ယူပြီး ထွက်သွားချေပြီ။ ထို့ကြောင့် သူအပြင်ကို ထွက်လာခဲ့သည်။

အခန်းအပြင်သို့ထွက်ပြီး သွားတိုက်သည့်အခါ သူမသည် မြက်ခင်းပြင်နှင့်မျက်နှာချင်းဆိုင်နေရသည်။ ရုတ်တရက်ဆိုသလို တောအုပ်ဆီမှ ကမ္ဘာတုန်လောက်သောအသံတစ်ခု ထွက်ပေါ်လာရာ နားအူလောက်သည်မို့ ကျီးနွမ်ရဲ့လက်တွေပင် တုန်တုန်ရီရီဖြစ်သွား၏။

မော့ကျင်းရှန်းသည်လည်း သူမအတွက် ဆန်ပြုတ်တစ်ခွက် ယူလာရုံရှိသေးသည်။ ထိုပေါက်ကွဲသံကိုကြားသည့်အခါ သူ့လက်ထဲက ဆန်ပြုတ်ပန်းကန်ကိုချပြီး တောအုပ်ဆီသို့ ဦးတည်လိုက်ရသည်။

ကျီးနွမ်က သူ့ကို လှမ်းခေါ်ချင်သည်။ သို့သော် သွားတိုက်နေဆဲဖြစ်သည့် သူမပါးစပ်ထဲမှာ သွားတိုက်ဆေးများအပြည့်။ မြန်မြန်ဆန်ဆန် ပလုတ်ကျင်းပြီး တစ်ဖက်ကို ပြန်လှည့်လိုက်ချိန်မှာ မော့ကျင်းရှန်းကား အဝေးကို ရောက်သွားခဲ့ပြီ။

" ကျီးနွမ် နင်သွားလို့မရဘူး "
မော့ကျင်းရှန်းနောက်သို့ ကျီးနွမ်လိုက်တော့မည့်အချိန်မှာ ဖုန်းလင်းက မြင်သွားပြီး အနောက်ကနေ ပခုံးကို လှမ်းဆွဲထားလိုက်သည်။
" တောထဲမှာ မြေမြှုပ်မိုင်းတွေ ရှိသေးတယ်။ နောက်ထပ် ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်သေးတာကြောင့် နင်သွားလို့မရဘူး။ အဲ့အကြောင်း စိတ်ထဲ မထည့်ထားနဲ့ "

② Young Master Mo, Are You Done Kissing?Where stories live. Discover now