322-323

6.9K 936 10
                                    

အခန်း ( ၃၂၂ )

" ထိနိုင် မထိနိုင်တော့ ငါမသိဘူး။ ဒါပေမဲ့ Mrs.မော့ နေရာကို ရထားတဲ့ လူကိုတော့ စုမိသားစုက အလွတ်ပေးမှာမဟုတ်ဘူး။ ဘာလို့ဆို စုကျီးလန် မှန်းထားတဲ့ နေရာမို့။ ဖုန်းလင်းက ကျီးနွမ်ရဲ့ဖုန်းထဲမှာ ပြန်ကြားရေးဆော့ဖ်ဝဲတစ်ခု ထည့်ပေးခဲ့တယ်။ ကျီးနွမ်ဆီကို မသိတဲ့ဖုန်းနံပါတ်တစ်ခုက ခေါ်လာတာဖြစ်ဖြစ် မသိတဲ့ရင်းမြစ်တစ်ခုက မက်ဆေ့ခ်ျပို့လာတာဖြစ်ဖြစ် ဖုန်းလင်းလည်း သိနိုင်တယ်။ မနေ့ညက ကျီးနွမ်ရဲ့ဖုန်းထဲကို ဓာတ်ပုံတွေ ရောက်လာတယ်။ ဒါပေမဲ့ သူက တည်တည်ငြိမ်ငြိမ် ပဲ ဖျက်ပစ်လိုက်တယ်သတဲ့ဗျ။ ငါ မှန်းတာ မလွဲရင်တော့ သူ မင်းကို ဒီအကြောင်း မပြောရသေးဘူးမလား ? "

" ဘာဓာတ်ပုံတွေလဲ ? "
မော့ကျင်းရှန်း ကွန်ပျူတာကို ဘေးချထားလိုက်ပြီး နန့်ဟန်ကို ကြည့်လိုက်သည်။

" စုကျီးလန် မင်းနဲ့အတူရှိနေတဲ့အချိန်ဆို သူ့လက်ထောက်က မင်းတို့ပုံတွေရိုက်ရတာကို ကြိုက်တယ်လေ။ လျှပ်တစ်ပြက်ရိုက်ထားတဲ့ပုံတွေအကုန်လုံး အထင်လွဲစရာတွေချည်းပဲ။ လူတစ်ယောက်ကို ရှုပ်ထွေးသွားစေနိုင်တယ်။ ဒါပေမယ့် ကျီးနွမ်ကတော့ အဲ့ပုံတွေကို မြင်ပြီးတာတောင် ဘယ်လိုမှမတုံ့ပြန်ခဲ့တဲ့အပြင် မင်းကိုလည်း မေးမလာဘူး။ ဒါ သူ့အတွက် လွယ်မနေဘူးနော် "

မော့ကျင်းရှန်းဟာ သူ့ကို စုန်ချည်ဆန်ချည်ကြည့်လာတော့သည်။ သူ့ရဲ့စူးရဲခက်ထန်သည့် အကြည့်ကြောင့် နန့်ဟန်ပင် ကျောချမ်းလာသည်။ မော့ကျင်းရှန်းမှာ သူနှင့် ဘာပုံလဲ ခန့်မှန်းနေဖို့ စိတ်ဆန္ဒမရှိတာ အသိသာ။

" ပုံတွေရော "

ဒါကိုကြားလိုက်လျှင်ပဲ မော့ကျင်းရှန်းဆိုတာ ကျီးနွမ်နှင့်ပတ်သက်လာရင် ထိလွယ်ခိုက်လွယ် အလျော့ပေးလွယ်မှန်း နန့်ဟန် သိလိုက်ပြီ။ ထို့ကြောင့် အချိန်ဆွဲမနေတော့ဘဲ သူ့ဖုန်းကို မော့ကျင်းရှန်းဆီ ပစ်ပေးလိုက်သည်။
" တတိယပုံက ... ငါမှတ်မိတာသာအမှန်ဆိုရင် စုကျီးလန် သူ့အဖိုးနဲ့ စကားများပြီး အိမ်ကနေထွက်ပြေးပြီးတော့ တိုက်ခန်းတစ်ခုမှာ နေခဲ့တုန်းကမလား။ အဲ့ဒီညက သူ့တိုက်ခန်းက ရေပူစက် ပျက်လို့ဆိုပြီး လာပြင်ပေးဖို့ မင်းကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တယ်။ ငါ့အထင် အဲ့တုန်းက သူ မင်းကို တစ်ညလုံး ခေါ်ထားဖို့ အကြံရှိလောက်တယ်။ ဒါပေမယ့် နာရီဝက်တောင်မကြာဘူး မင်းက ပြန်ရောက်လာခဲ့တယ်။ ပြောကာမှပဲ ဒီအကြောင်း ငါသိချင်နေတာ အတော်ကြာပြီ။ မင်းကို မေးကြည့်ဖို့ အခွင့်မသာခဲ့လို့သာပဲ။ အဲ့ညက မင်း သူ့ကို မထိခဲ့တာလား ? ဒါမှမဟုတ် မင်း ... မြန်မြန်ပြီးသွားခဲ့တာလား ? "

② Young Master Mo, Are You Done Kissing?Where stories live. Discover now