481↠485

9K 978 89
                                    

Unicode:

အခန်း ( ၄၈၁ )

ရှောင်းလူယဲ့က ထိုကိစ္စကို ဆက်မပြော~
" ဒီနေ့ မွေးနေ့ပွဲမှာ မင်း ခိုက်မိသွားတော့ ငါ့အဖေ တော်တော်လေး ဒေါသထွက်သွားတယ်။ သူ အဲ့လိုဒေါသထွက်တာမျိုးကို မမြင်ရတာ တော်တော်တောင် ကြာနေပြီ။ ဒါနဲ့ မော့ကျင်းရှန်းက မင်းကို ဆေးရုံခေါ်သွားပြီး ဆေးထည့်ပတ်တီးစည်းပေးတာလား "

" အင်း.. ပိုးလည်းသတ်ပြီးပြီ ဆေးလည်းထည့်ပြီးပြီ.. အကြီးအကျယ် မဟုတ်ပါဘူး.. ရှင် နဲ့ ရှင့်အဖေ စိတ်ပူသွားရတဲ့အတွက် အားနာပါတယ် "

" ကိစ္စမရှိပါဘူး.. မင်းမှာ အချိန်ရှိရင် ငါတို့ဆီကို အလည်လာလို့ ရမလား "

"...CEO ရှောင်း ကျွန်မကလေ.. စပ်စပ်စုစုနိုင်တဲ့သူ မဟုတ်ပေမယ့် ရှင်တို့ ဘာလို့ ကျွန်မကို ဒီလောက် စိုးရိမ်နေတယ်ဆိုတာကိုတော့ သိချင်မိတယ်။ တကယ်ဆို ကျွန်မက ရှင်ရော ရှင့်အဖေနဲ့ရော ကောင်းကောင်းမသိဘူးမလား။ ဒီတစ်ကြိမ် ရှင် ကျွန်မကိုဖိတ်တာက ဟိုင်မြို့က နာမည်ကြီးတွေအားလုံးကိုပါ ဖိတ်တာမလို့ နားလည်ပေးလို့ရပေမယ့် ရှင် ဘာလို့ ကျွန်မကို မစ္စတာရှောင်းဆီ ခေါ်သွားတာလဲ.. အခုလည်း ရှင့်အိမ်ကို ဖိတ်နေပြန်ပြီ။ ရှင် တကယ်ပဲ ကျွန်မကို ရှင့်မေမေလေး လုပ်စေချင်နေတာလား "

" လာပြန်ပြီ ပေါက်တတ်ကရတွေ "

" အဲဒါဆို ဘာလဲ.. ရှင့်အဖေက ကျွန်မကို ချစ်မြတ်နိုးလို့ သူ့ရဲ့မွေးစားသမီး လုပ်စေချင်တာလား.. ကျွန်မတော့ အဓိပ္ပာယ်ရှိတယ်လို့ မထင်ဘူးနော်။ ဒီ့အရင်က ကျွန်မတို့တွေ တွေ့တောင် မတွေ့ဖူးဘူး။ သူက ဘယ်လိုလုပ်ပြီးတော့ ကျွန်မကို ချစ်မြတ်နိုးရမှာလဲ.. လင်းရှောင်အုပ်စုက သိပ်ကိုအောင်မြင်တာမို့ ရှင်တို့နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်နေတဲ့ သူတွေ အများကြီးပါ။ ကျွန်မကို တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်က ဘာလို့ ရုတ်တရက်ကြီး စိတ်ဝင်စားသွားတာလဲ.. အဲဒါကို ကျွန်မက အဲဒီလို မတွေးဘဲ ဘယ်လို တွေးလိုက်ရမလဲ "

ရှောင်းလူယဲ့ဟာ ရှင်းမပြပါဘဲ~
" ကောင်းပြီ.. စောစော အိပ်ရာဝင်တော့ "

② Young Master Mo, Are You Done Kissing?Where stories live. Discover now