696-700

10.6K 844 62
                                    

Unicode:

အခန်း  ( ၆၉၆ )

ဆေးရုံကနေ ဖုန်းရတဲ့အခါ မော့ကျင်းရှန်း ရှီစခန်းကနေထွက်ပြီး ဆေးရုံသို့သွားလိုက်သည်။

ကမ္ဘောဒီးယားကောင်တွေ ပြန်ပေးဆွဲသွားပြီး ကားထဲထည့်တဲ့အချိန်မှာ ကျီးနွမ့်ခေါင်းက တစ်ခုခုနဲ့ ဆောင့်မိခဲ့သည် ဟု ဒေါက်တာဝင်ဒဲလ်ကပြောသည်။ ထိုထိခိုက်မှုသည် ဦးနှောက်သွေးယိုစီးမှုကိုဖြစ်ပေါ်စေပြီး မသေစေနိုင်သော်လည်း သတိရလာမည့် အချိန် နှင့် သက်သာလာမည့် အချိန်ကို အတပ်ပြောရခက်သွားစေသည်။ 

အနက်ရောင်ဘောင်းဘီရှည် အနက်ရောင်တီရှပ်..  တူညီသောဝတ်စုံနဲ့ မော့ကျင်းရှန်းက ဆေးရုံသို့ ပြန်လာခဲ့သည်။ ကျီးနွမ် သတိရလာမယ့်အချိန်က မသေချာ​တာကို သိလိုက်ရတော့ သူအတော်လေး ထိုင်းမှိုင်းသွားသည်။

အဝတ်အစားလဲပြီး ရေချိုးတာကလွဲရင် သူ့ကိုယ်သူ သန့်သန့်ရှင်းရှင်း မရှိစေခဲ့တာက ရက်ပိုင်းလောက်ရှိပြီ၊ ဆံပင်တိုက လေကြောင့် ရှုပ်ပွနေပြီး မျက်နှာချောချောက အေးစက်တင်းမာနေသည်။ 

ICU အပြင်သို့ လျှောက်သွားလိုက်ပြီး မှန်အကာကနေ သူ ငေးကြည့်လိုက်သည်။

ကျီးနွမ်က အရမ်းအားနည်းနေသည်မို့ ဦးနှောက်ခွဲစိတ်မှုကို ခွဲစိတ်ခန်းထဲတွင် မလုပ်နိုင်ဘဲ ICU ထဲတွင်သာ လုပ်လိုက်ရသည်။

မော့ကျင်းရှန်း ကျီးနွမ်ကို မှန်အကာကနေ ကြည့်လိုက်သည်။ သူမ လုံးဝ သတိလစ်နေတာကြောင့် ခွဲစိတ်ကုသမှုအတွင်း၌ ထုံဆေးထိုးစရာပင်မလို။ 

ဆရာဝန်တွေက သူမကိုခွဲစိတ်ရင်းအလုပ်များနေကြသည်။ မကြာခဏတိုင်း ဆေးကိရိယာတွေက အဆက်မပြတ် ထမြည်ပြီး နှလုံး နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ၊ သွေးပေါင်ချိန်တိုင်းတာမှုပုံရိပ်တွေက ရိပ်ခနဲ ပေါ်လာသည်။

နှလုံးခုန်နှုန်း မှိန်မှိန်ဖျော့ဖျော့လေးကို ကြည့်ပြီး သူ့မျက်ဝန်းထဲတွင် ညို့မှိုင်းလာသည်။ သူ၏ ရှည်ရှည်သွယ်သွယ် ပုံရိပ်လေးက မှန်ရှေ့တွင် အေးစက်တောင့်တင်းနေဟန် ရှိ၏။ 

② Young Master Mo, Are You Done Kissing?Where stories live. Discover now