388ー389

5.7K 651 25
                                    

(Unicode)

《၃၈၈》လသာဆောင်မှ ဆွဲချ

" ရက်ပိုင်းလောက် မိုးအုံ့ မိုးရွာတာကြောင့် ကောင်းကင်က အခု မည်းမှောင်နေတာလေ။ ဘာမှမရှိတာကို မင်းက ဘယ်ကကြယ်တွေကို ကြည့်နေတာလဲ "

" ဟမ် တကယ်လား ? ကျွန်မတော့ ကြယ်တွေအများကြီးမြင်ရတယ်... "

သို့နှင့် လသာဆောင်ကအမျိုးသမီးလေးသည် ခြေထောက်နှစ်ဖက်ကို တွဲလျားချကာ လွှဲယမ်းနေပြန်သည်။

မော့ကျင်းရှန်းမျက်ခုံးတွေတွန့်သွားရ၏။
ဒီမိန်းမ စောစောက ဝိုင်တွေ အကုန်သောက်ပစ်လိုက်တာလား ?

--

တိုက်ခန်းတံခါး ရုတ်တရက်ပွင့်သွားပြီး လေတွေဝင်လာသည်။ တံခါးအဖြစ်အသုံးပြု၍ရသော ပြတင်းပေါက်လည်း ပွင့်နေကာ ခန်းဆီးစတွေက လေကြောင့် တဖျပ်ဖျပ်လွင့်နေလေသည်။ အမျိုးသမီးငယ်လေး၏ဂါဝန်စ၊ ဆံနွယ်စများမှာလည်း လေကြောင့် လွင့်မျောနေ၏။

မော့ကျင်းရှန်း ကြမ်းပြင်ပေါ်က သွေးစတွေကိုကြည့်လိုက်သည်။ ပုလင်းကွဲစများမှာ ပြောင်စင်သလောက်ရှိတော့မည်။ သူ အထဲကို ဝင်သွားလိုက်ကာ လသာဆောင်မှာထိုင်နေသော ကျိနွမ်ကို တွေ့လိုက်ရလျှင်..
" ကျိနွမ် ဆင်းလာခဲ့! "

ကျိနွမ်က သူ့ကို နောက်ပြန်လှည့်ကြည့်ပြီး မူးမူးနှင့်ပြုံးဖြဲဖြဲလုပ်ပြသည်။
" ဘာဖြစ်လို့ ရောက်လာတာလဲ.. မပြန်ဘူးလား "

မော့ကျင်းရှန်း မျက်မှောင်ကြုတ်မိ၏။
" ငါ ​မင်းကို ဆင်းလာခဲ့လို့ ပြောနေတယ်လေ.. လှုပ်ခွင့်မပေးဘူး .. လုံးဝမလှုပ်နဲ့ "

" ကျွန်မ... ကျွန်မ ဒီမှာ အဆင်ပြေနေပါတယ်... ဘေးလည်းကင်းပါတယ် "
ကျိနွမ် သူမ ထိုင်နေသည့်နေရာကို ငုံ့ကြည့်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
" ရှင့်ရဲ့အဲဒီဝိုင်တွေက မနှစ်မြို့စရာကောင်းလိုက်တာနော်။ အရသာဆိုးမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ တန်ဖိုးသိပ်ကြီးမယ်ထင်တာကြောင့် အလဟဿဖြစ်မှာစိုးလို့ ကျွန်မ အကုန်သောက်ပစ်လိုက်တယ်။ ပြီးတော့..ဘာဖြစ်တယ်ထင်လဲ။ ကြယ်တွေလေ... သောက်လည်းပြီးရော ကြယ်တွေ မြင်လာတယ်... "

② Young Master Mo, Are You Done Kissing?Where stories live. Discover now