526-530

9K 800 91
                                    

Unicode:

အခန်း ( ၅၂၆ )

သူမကို ခုတင်ပေါ်မှာတင်ပေးပြီးသည့်နောက် မော့ကျင်းရှန်းက စောင်ခြုံပေးသည်။ အဲလ်ကွန်းရီမုကိုယူကာ အပူချိန်ကို ၂၆ ° C တွင်ထား၏။

ပြီးတော့ ခုတင်ပေါ်က အမျိုးသမီးငယ်လေးကို ကြည့်လိုက်သည်။ မျက်နှာအသားရောင်ကြည်လင်နေပုံက သူမ ဒီလို နေထိုင်တတ်ကြောင်း ပြသနေသည်။ သူ့အနားမှာရှိခဲ့စဥ်က ဆိုးသွမ်းခဲ့ဖူးသည့် အရိပ်အယောင် လက္ခဏာမျိုး တစ်ခုမျှ မရှိလေတော့ ~

လွန်ခဲ့သောသုံးနှစ်အတွင်း သူ မျှော်လင့်ထားသည်ထက်ကို သူမက လျင်မြန်စွာ ပြောင်းလဲကြီးပြင်းလာခဲ့ပြီ။

အရင်တုန်းက သူ ချစ်မြတ်နိုးခဲ့သည့် ကျီးနွမ်က ဆူးချွန်အားလုံးဖယ်ရှားထားသည့် ဖြူကောင်လေး ဆိုလျှင် အခုကျီးနွမ်က အန္တရာယ်မရှိပုံပေါ်သည့် ပျင်းပျင်းရိရိကြောင်ငယ်လေးပင် ဖြစ်သည်။ အကောင်သေးသော်လည်း ချွန်ထက်သော လက်သည်းများ ရှိနေသည်။

" ဒီနေ့ ချင်စစ်တင်းလာလိမ့်မယ် .. ပြီးရင် မင်းခေါင်းက ဒဏ်ရာကို သူကြည့်ပေးလိမ့်မယ် .. မင်း အပြင်မထွက်ချင်ရင် အိပ်ခန်းထဲမှာပဲ နားနေလိုက်လေ " ခုတင်ဘေးမှာဝင်ထိုင်လိုက်သည့် မော့ကျင်းရှန်းက သူမလက်ကို ဆုပ်ကိုင်ထားသည်။ သူက သူ့လက်တွေကို သူမဗိုက်ပေါ်တင်လိုက်၏။

သူတစ်ခါလှုပ်ရှားရုံနဲ့တင် ကျီးနွမ်ကို အထိတ်တလန့်ဖြစ်သွားစေသည်။ သူမလက်ကို ပြန်ဆွဲထုတ်သော်လည်း မအောင်မြင်။

သူ့ကို ကြည့်ပြီး တစ်ခုခုပြောမည် ကြံလိုက်မှ ချင်စစ်တင်းအကြောင်း သူပြောလိုက်တာကို သတိရသွားပြီး မနေနိုင်ဘဲ မေးမိလိုက်သည်။
" အရင်နှစ်တွေအတွင်း ဒေါက်တာချင်က ဟိုင်မြို့မှာပဲလား .. အခုရော ရှစ်နျန်ကော နဲ့ လက်ထပ်လိုက်ပြီလား "

မော့ကျင်းရှန်းက သူတို့လက်ချောင်းကလေးတွေကို ယှက်ဖြာထားသည်။ " ဟင့်အင်း "

ရှောင်းလူယဲ့.. ရှစ်နျန်ကောကို မရခဲ့တာက သေချာသည်။ ရှစ်နျန်ကောအကြောင်း ပြောလိုက်တိုင်း စိတ်ထိခိုက်သွားသည့် မျက်နှာထားက သိသာလှ၏။ နှစ်ပေါင်းများစွာကြာအောင် ငြိတွယ်ခဲ့ပြီးမှ ချင်စစ်တင်း နဲ့ ရှစ်နျန်ကောကြားမှာ ဘာလို့ အဆုံးမသတ်ရသေးတာလဲ ?

② Young Master Mo, Are You Done Kissing?Where stories live. Discover now