421ー422

7.1K 881 35
                                    

d="fd4d15fd96c1e16a8df16374fe9e71e5">အာသွက်လျှာသွက်ရှိသည့် ရှထျန်က ကျိနွမ်ကို တစ်နာရီကြာအောင် စကားတွေပြောပြီး နားပူစေခဲ့လေသည်။ ဖုန်းခေါ်ဆိုမှုအကျဥ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်၏။

MN Group သည် တည်တံ့လာပြီဖြစ်ကာ ယခု ကျိနွမ်က ဟိုင်မြို့သို့ ပြန်လာနိုင်ပြီ ဖြစ်သည်။ MN Group ၏ ဌာနချုပ်ကို အချိန်မရွေး ပြောင်းရွှေ့၍ရသည်။ တရုတ်စီးပွားရေးလုပ်ငန်းစုကြီးများသည်လည်း သူမ နည်းတူ ကနဦး၌ ပြည်ပတွင် အခြေစိုက်ပြီး နောက်မှပြည်တွင်းသို့ ဌာနချုပ်ကို ပြောင်းရွှေ့ကြတာဖြစ်သည်။ ထိုသို့သော ကိစ္စသည် ခက်ခဲသည့် တာဝန်တစ်ခုမဟုတ်ဘဲ ကျိနွမ်၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်၏။

ရှောင်ပါး ကမူ ပေါ့ပေါ့ပါးပါးပင် ဖြစ်သည်။ သူမသည် ကျိနွမ်နှင့်အတူ နှစ်အတော်ကြာအောင် တိုက်ပွဲဝင်ခဲ့ပြီးဖြစ်ကာ ကျိနွမ် ဘယ်သွားသွား လိုက်ရန် ဆန္ဒရှိပါသည်တဲ့။

နောက်တော့ ကျိနွမ်က စဥ်းစားလိုက်ဦးမည် ဟုပဲ ပြောကာ ထိုအကြောင်းကို မဆက်ခဲ့ပေ။

လတ်တလောတွင် ကျိနွမ် သတင်း သုံး ခု ရထားပါ၏။

ပထမသတင်းသည် လွန်ခဲ့သော နှစ်ဝက်ခန့်က အန်းသျှူးယန် အိမ်ထောင်ပြုသွားခဲ့ပြီ ဟူ၍။ သူမ၏ အမျိုးသားမှာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး မျိုးရိုးလေးခုရှိသော ပုဂ္ဂိုလ်ဖြစ်သည်။ လက်ထပ်ပြီးသည့်နောက်ပိုင်း အန်းသျှူးယန်က နယူးယောက်စ်တွင် နေထိုင်ခဲ့ကာ Shine Group မှ နုတ်ထွက်သွားခဲ့ပြီးဖြစ်၏။

အခြားသတင်းတစ်ရပ်မှာ ပြည်တွင်း စက်မှုလုပ်ငန်းများအတွင်း ပြောင်းလဲမှုများ ရှိလာတော့မည် ဟူ၍။ ထို့ကြောင့် ယခုအချိန်သည် MN Group ၏ ရုံးဌာနချုပ်အား ဟိုင်မြို့သို့ ရွှေ့ပြောင်းရန် အချိန်ကောင်းတစ်ခု ဖြစ်သည်။ ဟိုင်မြို့သည် ထူးခြားသော မြို့တစ်မြို့ဖြစ်ပြီး ပြည်တွင်း ပြည်ပ နှစ်ဖက်လုံးနှင့် အလုပ်တွဲလုပ်နေသော လုပ်ငန်းစုကြီးများအတွက် သင့်လျော်သည်။ စျေးကွက်မှာ မီးစင်ကြည့်က၍ရသဖြင့် တိုက်ရိုက်ကျပြီး လွယ်ကူအဆင်ပြေစေလှ၏။

② Young Master Mo, Are You Done Kissing?Where stories live. Discover now