287-288

6.5K 769 13
                                    

အခန်း ( ၂၈၇ )

သစ်လုံးအိမ်အတွင်းမှ လူသည် တံခါးကိုကျောခိုင်းကာ မတ်တပ်ရပ်နေသည်။ သံတိုင်များဖြင့်ကာထားသော ပြတင်းပေါက်ကို မျက်နှာမူကာ တိတ်ဆိတ်စွာ မတ်တပ်ရပ်ရင်း သံတိုင်များကြားမှ ပြတင်းပေါက်အပြင်ကိုကြည့်နေလေသည်။

ရွှံ့နှင့်သွေးစက်တို့စွန်းထင်းနေသော အီတလီလက်လုပ်ဖိနပ်တစ်စုံက မြင်ကွင်းထဲကိုရောက်လာသည်။

ဖိနပ်မှတစ်ဆင့် မော့ကြည့်လိုက်တော့ ပိန်သွယ်ဖြောင့်တန်းသောခြေတံတစ်စုံဟာ အနက်ရောင်ဘောင်းဘီရှည်နှင့်။ ဝတ်ထားသည့်အနက်ရောင်ရှပ်အင်္ကျီသည် အနည်းငယ်တွန့်ကြေနေပြီး သွေးစွန်းနေသော်ငြား သူ့အရောင်ကြောင့် သိပ်မသိသာ။

ဤကဲ့သို့သောအခြေအနေတွင်တောင် တိတ်ဆိတ်ငြိမ်သက်စွာ ခန့်ညားစွာ အားလုံးကိုလျစ်လျူရှုပြီး မတ်တပ်ရပ်နေသည်။

အကြွင်းမဲ့လွှမ်းမိုးမှုကြီးသောပုံရိပ်လေး

စီးပွားရေးလောက၏ထိပ်သီးလူကြီးများ၌ တွေ့ရတတ်သော ဟိတ်ဟန်များသည့်စိတ်ထားမျိုးမဟုတ်ပါဘဲ မည်သည်မျှစွန်းထင်းမသွားနိုင်သော သန့်စင်သည့်လေငွေ့ပမာ။ ညစ်ပတ်ဆိုးယုတ်မှုတို့ လူကိုလွှမ်းမိုးလာခဲ့လျှင်တောင် အသွင်သဏ္ဍာန်စစ်​ဖြင့် ဆေးကြောသန့်စင်ပစ်နိုင်သည်။

သူက အဲ့မှာပဲ ရပ်နေတယ်။ အဲ့မှာပဲ ရှိနေတယ်။

မော့ကျင်းရှန်း...

သူတကယ် ရှိနေတယ်!

ကျီးနွမ်၏နှုတ်ခမ်းတို့ လှုပ်ရှားသွားသော်လည်း မည်သည့်အသံမျှ မပြုခဲ့။ Dali ဆိုသောလူက သူမနောက်မှာရှိနေသည်။ တစ်မီတာလောက်မှာဖြစ်နိုင်သလို ထို့ထက်အနည်းငယ်လှမ်းနိုင်သည်။ အခုချိန်မှာ ထူးဆန်းသည့်အပြုအမူမျိုးထလုပ်မိလျှင် ချက်ချင်းသတိထားမိနိုင်သည်ဖြစ်ရာ သူမတင်အသတ်ခံရမည်မဟုတ်ဘဲ ဘေးကင်းလုံခြုံနေသည့်မော့ကျင်းရှန်းပါ အရှုပ်အထွေးထဲ ရောက်ကုန်မည်။

တံခါးအနီးရှိ စားပွဲပေါ်မှာ လင်ဗန်းကိုချလိုက်သည်။ ပြတင်းပေါက်ရှေ့မတ်တပ်ရပ်နေသော လူဟာ နောက်ကိုလှည့်ကြည့်မလာသောကြောင့် ကျီးနွမ် အသံမထွက်မိအောင် အံကိုကြိတ်ထားရသည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now