566-570

8.3K 797 54
                                    

Unicode:

အခန်း ( ၅၆၆ )

သိပ်မကြာလိုက် မော့ကျင်းရှန်းက သူ့ကားပေါ်ကို တက်သွားသည်။ အနောက်မှာ ကျန်ခဲ့တဲ့ ကျီးနွမ် သူ့နောက်ကျောကိုကြည့်ရင်း နားလည်လိုက်သည်က .. မော့ကျင်းရှန်း တကယ် စိတ်ဆိုးနေပြီ။

​ဟုတ်တော့လည်းဟုတ်သည်။ သုံးနှစ်ကျော်ကြာအောင် ဆာလောင်မွတ်သိပ်နေခဲ့တဲ့ ယောက်ျားတစ်ယောက် သူမဆီက ခန္ဓာကိုယ်နဲ့ ပြန်ဆပ်မယ် ဆိုတဲ့ စကားကို ရုတ်တရက်ကြားလိုက်ရပြီး , နောက်မှ ရာသီလာရက်မှန်းသိသွားတဲ့အခါ .. ဘယ်ယောက်ျားမှ သည်းမခံနိုင်လောက်မယ့် ရန်စမှုတစ်ခုလို ဖြစ်နေမှာပေါ့။

ဒါပေမယ့် သူ တကယ်ပဲ ဒါလေးကို သည်းမခံနိုင်တာလား။ သူမ ရာသီလာလို့ ဗိုက်အောင့်နေတုန်းကတောင် သူမဗိုက်ကိုပွတ်ပြီး သူက နမ်းရှုပ်နေခဲ့သေးတာ။

ခု စိတ်ဆိုးတယ်ပေါ့ ?

ဒီရက်ပိုင်း သူမကို အမြဲလိုက်နှောင့်ယှက်ပြီး မျက်နှာပြောင်တိုက်လွန်းတာက သူလေ။ အဲဒါကို သူကပဲ စိတ်ဆိုးရတယ်ရှိသေး ?!

အတန်ငယ်ကြာအောင် စဥ်းစားကြည့်လိုက်တော့ သူ့ကားကို စီးရမလား တက္ကစီငှားပြီးတော့ပဲ ဟိုတယ်ကို ပြန်လိုက်ရမလား ဒွိဟဖြစ်လာသည်။ သူ့ဘာသာ ဆိုးချင်ဆိုး မဆိုးချင်နေ .. သူမကတော့ လိုက်ချော့နေမှာ မဟုတ်ဘူး။

သို့သော် ပန်းချီကား ကိစ္စကို တွေးမိသွားပြန်၏။ ပန်းချီကားကို သူမရဲ့ပိုက်ဆံ တစ်ပြားတစ်ကျပ်မှ မကုန်လိုက်ဘဲ တကယ်ရသွားတာ.. သူမအပေါ်မှာ သူက သိပ်ကို ကောင်းသည်။

ဒီလိုတွေးမိလိုက်တော့ သူမအတွက် ရှောင်းဟူ ကားတံခါး ဖွင့်ပေးလာသည့်အခါ ဂါဝန်စကိုမပြီး ကားပေါ်တက်လိုက်မိသည်။ ကားထဲမှာ ထိုင်နေတဲ့ မော့ကျင်းရှန်းကိုတော့ ကျီးနွမ် မြင်လိုက်ရပြီ။ ခဏလောက် တွေးပြီး လက်ကိုမြှောက်ကာ သူ့ပခုံးကို ပုတ်လိုက်သည်။ " ရှင့်ကို စော်ကားတာ မဟုတ်ဘူးနော် .. ပန်းချီကားအတွက် ကျေးဇူးတောင် တင်ရဦးမှာ ... "

မော့ကျင်းရှန်း ... သူ့ပခုံးပေါ်ရှိ လက်ကိုကြည့်ကာ မျက်နှာသေဖြင့် ပုတ်ချပြီး မျက်လုံးမှိတ်ပစ်လိုက်သည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now