611-615

8.4K 728 11
                                    

Unicode:

အခန်း ( ၆၁၁ )

ဘာလို့ သူ့ကို ရိတ်ပေးရမှာလဲ။

သဘောမတူလိုစွာဖြင့် ကျီးနွမ်က သင်တုန်းဓားကို မယူဘဲ သူ့ကို အေးစက်စက်နိုင်စွာ ကြည့်၏။
" မော့ကျင်းရှန်း စောစောက ကျွန်မပြောတာကို ရှင်မကြားဘူးလား "

သူက မျက်ခုံးပင့်သည်။
" ဒီအမြှုပ်တွေကိုသာ အရင်ကူစမ်းပါကွာ "

" ရှင့်မှာ လက်မပါဘူးလား။ ဒီသင်တုန်းဓားက အကောင်းစား.. ရှင့်မျက်နှာကို ရှမှာ မဟုတ်ဘူး .. ရှင့်ဘာသာရှင် လုပ် "

မော့ကျင်းရှန်းက ပြုံး၍ သက်ပြင်းချသည်။
" မင်းပဲ ကိုယ့်ကို ကျေးဇူးကြွေးတင်သွားပြီဆို.. ကျေးဇူးကန်းလိုက်တဲ့ဟာလေး! "

ကျီးနွမ်က ချက်ချင်း မျက်မှောင်ကြုတ်ပစ်သည်။ မော့ကျင်းရှန်းသာ ဤအကြောင်းပြချက်နှင့် သူမကို စည်းရှုံးသိမ်းသွင်းခြင်း မပြုခဲ့လျှင် ကျန်ဘဝတစ်လျှောက်လုံး ကျီးနွမ်က သူ့ကို ထပ်တွေ့မည် မဟုတ်ချေ။

သူ့လက်ထဲမှ သင်တုန်းဓားကို အင်တင်တင်ဖြင့် ယူပြီး မုတ်ဆိတ်ရိတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ " ဒါကြီးကို ဘယ်လိုသုံးရတာလဲ ကျွန်မ မသိဘူးနော်.. ရှင့်မျက်နှာကို လှီးမိသွားမှ ကျွန်မကို လာအပြစ်မတင်နဲ့ "

" အင်း မတင်ပါဘူး " မော့ကျင်းရှန်းက သူမကို အေးဆေးကြင်နာစွာ ကြည့်သည်။ ကျီးနွမ် သူ့ကို မုတ်ဆိတ်ရိတ်ပေးနေစဥ် နှစ်ယောက်က နီးကပ်စွာ မတ်တပ်ရပ်နေကြသည်။ မုတ်ဆိတ်ရိတ်ပေးနေသည့် သူမကို သေသေချာချာ ကြည့်ပြီး အဖြူရောင်အမြှုပ်တွေလွှမ်းနေသည့် နှုတ်ခမ်းစွန်းတစ်ဖက်က ကော့တက်သွားရှာသည်။

သူပြုံးနေတာကို ကျီးနွမ်က သတိမထားမိချေ။ သို့သော်လည်း မုတ်ဆိတ်ရိတ်ပေးနေချိန် သူ့မျက်နှာ ပြောင်းလဲသွားတာကိုတော့ မြင်လိုက်သည်။ သူမကို ကြည့်နေသည့် သူ့မျက်ဝန်းထဲက နူးညံ့ကြင်နာမှု၊ စိတ်ရှည်သည်းခံမှု၊ အားရကျေနပ်မှုတို့ကို တွေ့မြင်နိုင်သည်။

တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ရိတ်ပေးလိုက်ချင်သော်လည်း အခု သူ့မျက်ဝန်းတွေကို မြင်လိုက်ရတော့ သူမမှာ မတတ်သာဘဲ အရှိန်လျှော့ပစ်လိုက်ပြီး သူ့မျက်နှာကို ခိုက်မိမှာစိုး၍ ညင်ညင်သာသာနဲ့ ရိတ်ပေးမိသည်။ တကယ်ဆို ဒီလူက တအား ချောတာ .. ဒီမျက်နှာလှလှလေးကို သူမ အပျက်စီးမခံနိုင်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now