398-399-400

8.2K 792 56
                                    

(Unicode)

《၃၉၈》ဆေးခပ်ထားတဲ့ တစ်ခုခုကို သောက်မိသွားတယ်


သူမအတွက် ရှထျန် အထူး စီစဉ်ပေးသည့် ယနေ့ည အခမ်းအနားကို ကျိနွမ် သဘောမကျမိပေ။ BGY Group နှင့် ပူးပေါင်းရေးသည် အဓိက ဖြစ်သော်လည်း ရှထျန်က သူမကို မစ္စတာဗင့်စ်နှင့်တမင်တွန်းပို့နေသည်ဖြစ်ရာ ဤအခန်းထဲတွင် ကျိနွမ် မနေချင်တော့။

မော့ကျင်းရှန်းဆီကို ဒီပုံ ပို့ရလောက်သည်အထိ ရှထျန် စိတ်လိုက်မာန်ပါ ဖြစ်မှာမဟုတ်မှန်း သူမသိသည်။ သူမကိုပျော်စေချင်၍၊ တခြားတစ်ခုခုဆီသို့ စိတ်ပြောင်းသွားစေချင်၍ ဤသို့ လုပ်ခဲ့သည်ကို သိသော်လည်း ကျိနွမ်ကတော့ မစ္စတာဗင့်စ်နှင့် သူ့အတွင်းရေးမှူးကို သိပ်သဘောမတွေ့ပါ။

အခြားသူတွေနှင့် အတန်ငယ်မျှ စကားစမြည်ပြောဆိုပြီးနောက်မှာ ကျိနွမ်တစ်ယောက် သူမလက်ကိုင်အိတ်ကိုယူ၍ ဝိုင်အရက်စာရင်းကြည့်ရအောင် ဆိုသော ဆင်ခြေဖြင့် လေကောင်းလေသန့်ရှူရန် အပြင်ထွက်လာခဲ့သည်။

သူမက ဆက်ဆံရေးတစ်ခုကို အမြဲအလေးထားသည်။ အရင်ဘဝမှာတောင် ကိုယ်မချစ်မနှစ်သက်သော ယောက်ျားတစ်ယောက်နှင့် ဆက်ဖို့ ငြင်းဆန်ခဲ့တာ..ခုဘဝဆိုရင် ဆိုမနေတော့နှင့်။

အခန်းထဲမှထွက်ပြီး ဝိုင်စာရင်း ကြည့်ရအောင် ကလပ်ရှေ့ကောင်တာသို့ သွားမည်လုပ်လျှင် အမျိုးသမီးတစ်ယောက်၏ အော်ဟစ်သံကို ကော်ရစ်တာဆီမှ ကြားလိုက်ရသည်။ တကယ်ဆို ကော်ရစ်တာက တိတ်ဆိတ်နေသင့်တာ...
" လွှတ်! လွှတ်လို့ပြောနေတယ်! "

အသံမှာ အတော်လေးရင်းနှီး၏။

ကျိနွမ် အနောက်ကို လှည့်ကြည့်လိုက်မိသည်။ အသံပိုင်ရှင်ကို ရှစ်နျန်ကော ဟု ထင်လိုက်မိကာ တကယ်ကို ရှစ်နျန်ကောပင် ဖြစ်နေလေသည်။ အနက်ရောင်ဝတ်ယောက်ျားသားနှစ်ယောက်၏ လက်ထဲမှာ ရှစ်နျန်​ကောက ရုန်းနေသည်။

သူမအမြင်၌ ရှစ်နျန်ကောသည် ကျက်သရေရှိစွာ လှပသောအမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမဆီမှ ယခုလိုအော်ဟစ်သံ ကြားရသည်မှာ ကျိနွမ်အတွက် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now