362 ~ 363

8.9K 954 201
                                    

(Unicode)

《၃၆၂》ငါ အိပ်နေတာ ဘယ်လောက်ကြာပြီလဲ 


မော့ကျင်းရှန်း နိုးလာချိန်တွင် ကိုမာဝင်နေခဲ့သည်မှာ နှစ်လကြာညောင်းသွားခဲ့ပြီ ဖြစ်လေ၏။

ခါတိုင်းကဲ့သို့ပင် ချင်စီးထင်သည် ဆေးရုံဝတ်စုံဖြူနှင့် မျက်နှာဖုံးတပ်ကာ အခန်းထဲသို့ ဝင်လာသည်။ မော့ကျင်းရှန်း၏ မျက်လုံးများ ပွင့်နေသည်ကို မြင်လိုက်ရသောအခါ သူ မျက်ခုံးတွေ ပင့်ပြီး မေးလိုက်၏။ 
“ ငါအိပ်မက်မက်နေတာလား .. မင်း သတိရပြီ ”

ခုတင်ပေါ်မှ မော့ကျင်းရှန်းသည် အေးစက်တည်တင်းလို့နေသည်။ ခုတင်ဘေးမှ အဖြူရောင်ဝတ်စုံနှင့်လူကို ခံစားချက်မဲ့သော မျက်နှာဖြင့် ကြည့်၏။ အချိန်အတော်လေးကြာတော့မှ မျက်မှောင်ကြုတ်သည်။
“ ငါ အိပ်နေတာ ဘယ်လောက်ကြာပြီလဲ ”

အသံမှာ ထူးထူးခြားခြား အောရှပြာလဲ့နေလျက်။

“ မင်းအိပ်နေတာ ဘယ်လောက်ကြာပြီလဲ ဟုတ်လား ”
ချင်စီးထင်မှာ ကျိနွမ်ဆီကို ချက်ချင်း ဖုန်းခေါ်လိုက်ချင်စိတ်ကို ထိန်းချုပ်ရင်း သတိသိပ်မဝင်သေးသည့် မော့ကျင်းရှန်းကို ကြည့်လိုက်သည်။
“  နှစ်လ .. အကြာကြီးပဲမလား ”

ခုတင်ပေါ်မှလူသည် မျက်မှောင်ကြုတ်သွားချေ၏။ ထို့နောက် တစ်ခုခုကို အဖြေရှာရန် ကြိုးစားနေသည့်ပမာ အတန်ငယ်မျှ နှုတ်ဆိတ်သွားသည်။  

လူနာဆောင်ထဲမှာ ဖုန်းသုံးလို့ မပြေပါ။ ချင်စီးထင် အိတ်ကပ်ထဲကို လက်ထည့်ထားရင်း မော့ကျင်းရှန်းကို အံ့သြစွာ ကြည့်သည်။ မော့ကျင်းရှန်း၏ အကြည့်မှာ အနည်းငယ် ထူးဆန်းနေခဲ့၏။ အမြဲတမ်း အေးစက်ခက်ထန်နေခဲ့သည် ဆိုသော်လည်း မျက်ဝန်းတို့မှာ တစ်မျိုးတစ်မည်သော အရာတွေ ရှိလာဟန်တူသည်။

“ မင်း ကံကောင်းလို့ အသက်ရှင်ခဲ့တာ။ ကျိနွမ် စောင့်ခဲ့ရတာတွေ အလကားမဖြစ်ဘူးပဲ ”
ချင်စီးထင်က ပြုံးပြီး သက်ပြင်းချသည်။

သို့သော်လည်း မော့ကျင်းရှန်းသည် ကျိနွမ်နာမည်ကို ကြားသောအခါ ရုတ်တရက် မျက်နှာမော့လာပြီး မျက်ဝန်းနက်တွေကို မှေးကျဥ်းပစ်လေ၏။
“ ကျိနွမ် ”

② Young Master Mo, Are You Done Kissing?Where stories live. Discover now