352-353

5.6K 738 19
                                    

《Zawgyi》

အခန်း ( ၃၅၂ )

ကျီးနွမ် သူမလက်ကို တဒုတ်ဒုတ်ခုန်မြည်နေသော ဗိုက်ပေါ်တင်လိုက်သည်။ သူမမျက်လုံးတွေ နီမြန်းလာ၏။ ကားပေါ်က ခုန်ချလို့ မသေခဲ့လျှင်တောင် ဒဏ်ရာအပြင်းအထန်ရသွားနိုင်သည်။ ပြီးတော့ သူမရဲ့ကိုယ်ဝန်...

တကယ် ဘေးကျပ်နံကျပ် ဖြစ်နေပြီ။

" ကျီးနွမ် နင် ဘာထိုင်လုပ်နေတာလဲ ? ကားကို ရပ်လိုက်လေ! ဘာလို့ ကားရပ်အောင် မလုပ်သေးတာလဲ ? " ဘေးနားမှ ကားအနည်းငယ်ဖြတ်သွားစဉ် ဤအရှိန်နှုန်းဖြင့် ရွေ့လျားနေသဖြင့် ကြည့်ဖို့အဆင်မပြေ။ စုရွှယ်ယိက အော်သည်။
" နင် ငါ့ကို သတ်ချင်နေတာလား! ကားရပ်လိုက်ဆို! "

" နင် အသက်ရှင်ချင်ရင် ကားပေါ်က ခုန်ချမှရမယ် ... ဒီကားကိုတော့ ရပ်လို့ မရဘူး " စုရွှယ်ယိကို စိတ်ရှုပ်ခံကာ ရှင်းပြမနေတော့ဘဲ တံခါးပေါက်တွေ ဖွင့်ဖို့ ကြိုးစားကြည့်လိုက်သည်။ ထင်သည့်အတိုင်း အကုန်လုံး လော့ခ်ကျနေ၏။

ကံကောင်းချင်တော့ ကားက ကုန်းမြေပေါ်မှာ ဖြစ်ပြီး ရေထဲမှာ မဟုတ်။ ရေဖိအားမရှိသဖြင့် ကားပြတင်းမှန်တွေကို ရိုက်ဖွင့်နိုင်သည်။

ကျီးနွမ် စုရွှယ်ယိ၏ဒေါက်ဖိနပ်ဖြင့် ကားပြတင်းမှန်ကို ထုရိုက်လိုက်သည်။ ထုံထိုင်းနေသည့် လက်မောင်းကြောင့် အားအင်မရှိလှ။ လက်ပြောင်းပြီး ထုလိုက်သည်။ အဆုံးမှာတော့ သူမခြေထောက်ထက် တစ်ဆိုဒ်ကြီးသည့် ဒေါက်ဖိနပ်ကိုစီးပြီး ထိုင်ခုံပေါ် လှဲချကာ ပြတင်းမှန်ကို ခြေထောက်နှင့် ဆောင့်ကန်လိုက်တော့သည်။

" ဘာလုပ်နေတာလဲ ? "
ထူးထူးဆန်းဆန်းအပြုအမူတွေကို စုရွှယ်ယိက ကြည့်သည်။

" အရေးမပါတာတွေ မ​ပြောနဲ့ "
ပြတင်းမှန်ကိုကန်ရင်း စုရွှယ်ယိကိုကြည့်ကာ။
" နင် အသက်ရှင်ချင်ရင် ငါ့ကို ဒီပြတင်းပေါက် ကူဖွင့်ပေး "

စုရွှယ်ယိ နောက်တွန့်သွားသည်။ ကျီးနွမ်ကို လုံးဝ မယုံနိုင်ဘူး။ တဒုတ်ဒုတ်ထုရိုက်သံက စုရွှယ်ယိကို ထိတ်လန့်စေသည်။ ရုတ်တရက်ဆိုသလို အောက်ဘက်မှာ ကျနေတဲ့ သစ်သီးလှီးဓားကို မြင်သွားလိုက်ပြီး ချက်ချင်းကောက်ကာ ကျီးနွမ်ကို ထပ်ရွယ်လိုက်ပြန်ရင်း ... " နင် ကားကို မရပ်ဘူးဆိုရင် ငါ နင့်ကို အခုချက်ချင်း သတ်မယ်! "

② Young Master Mo, Are You Done Kissing?Where stories live. Discover now