254-255

8.9K 972 19
                                    

Scroll Down to Read Uni Version

အခန်း ( ၂၅၄ )

အပြင်ဘက်မှာ ဘာတြွေဖစ်ကုန်လဲ ကျီးနွမ်မသိဘူး။

ဆယ်မိနစ်ကျော် ကြာပြီးတဲ့နောက်မှာ မော့ကျင်းရှန်းက အထဲပြန်ဝင်လာပြီး သူမကို အပြင်ခေါ်ထုတ်သည်။

ကော်ရစ်တာမှာရှိတဲ့ လူအများစုသည်လည်း ပြန်သွားကြပြီ။ မော့ကျင်းရှန်းရဲ့ အပေါ်ဝတ်ကို ကျီးနွမ်က ခြုံထားပြီး သူ့ဆီကနေ အသံတိုးတိုးလေး ကြားလိုက်ရသည်။
" ဘာမှ​မပြောနဲ့ ... ဒီတိုင်း ထွက်ကြမယ် "

သို့သော်လည်း ကျီးမုံ့ရန်ကတော့ နှုတ်ခမ်းကိုကိုက်ကာ ကျီးနွမ်ကို မုန်းတီးစွာကြည့်နေရင်း ထိုနေရာတွင် မတ်တပ်ရပ်နေသေးသည်။

မော့ကျင်းရှန်းရှိနေသောကြောင့် ကျီးနွမ်ကို ဘာမှမလုပ်ရဲဘူး။

ထိုအခိုက်မှာ လူပြက်တစ်ယောက်ကဲ့သို့ အခြားသူတွေ ဝိုင်းကြည့်တာကို အံကြိတ်ပြီး ငြိမ်ခံနေရသည်။

ကျီးနွမ်သည် သူမဘေးနားက ဖြတ်လျှောက်သွားလေ၏။ မိန်းကလေးနှစ်ယောက်သည် ငြိမ်းချမ်းနေပုံရသော်လည်း အတွင်းစိတ်ထဲမှာတော့ လှိုင်းတံပိုးထနေလေပြီ။

ကျီးမုံ့ရန်၏ဘေးနားမှ ဖြတ်လျှောက်သွားရင်း ကျီးနွမ်ဟာ ရုတ်တရက်ရပ်သွားပြီး နောက်ကို ပြန်လှည့်ကြည့်ကာ ခပ်ပြတ်ပြတ် မေး၏။
" ဒါဆို မုံ့ရန် ငါတို့တွေ ညီအစ်မ မဟုတ်တော့ဘူးပေါ့နော် "

ကျီးမုံ့ရန်ပြောခဲ့တာသာအမှန်ဆိုလျှင် ကျီးနွမ်ရဲ့အမေဟာ သူမကိုကိုယ်ဝန်လွယ်ပြီးတဲ့နောက်မှ ကျီဟုန်းဝမ် နှင့် လက်ထပ်ခဲ့သည်။ ထို့ကြောင့် ကျီဟုန်းဝမ်သည် သူမဖခင်မဟုတ်။ သူမတို့နှစ်ယောက်သည် အဖေတူအမေကွဲပင်မဟုတ်ပါ။ ကျီးမုံ့ရန်ကို သွေးသားရင်းချာပမာ မှတ်ယူခဲ့သည်။ သို့သော်လည်း ဖြစ်ချင်တော့ သူမမှားယွင်းခဲ့လေ၏။

ကျီးနွမ်က ခံစားချက်မဲ့စွာပြောလိုက်ခြင်းဖြစ်၏။သို့သော် ပိန်းပိတ်အောင်မည်းနက်နေသော မျက်ဝန်းအစုံဟာဖြင့် သူမကိုထောင်ဖမ်းခဲ့သည့်လူများကို ခြိမ်းခြောက်နေဖွယ်ရှိသည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now