686-690

10.7K 1K 170
                                    

Unicode:

အခန်း ( ၆၈၆ )

သူမလဲမသွားအောင် မော့ကျင်းရှန်းတင်းတင်းဖက်ထားလိုက်သည်။ ကျည်ဆန်ထိသွားသည့် သူမခန္ဓာကိုယ်က အပြင်းအထန် လဲကျသည်။ သွေးတစ်ပွက်အန်ထုတ်လိုက်သော်လည်း သူမ အသိရှိနေသေးသည်။ သူစိတ်ပူမှာစိုးလို့ သွေးတွေကို ပြန်မျိုကြည့်လိုက်ပေမယ့် ပါးစပ်ထဲကနေ သွေးတွေစီးကျလာသည်က အဆက်မပြတ်...

K က ချက်ချင်း ပြေးသွားပြီး ကားထဲမှာပုန်းနေတဲ့ လူကို ဆွဲထုတ်သည်။ မြေပေါ်လဲကျအောင် အသေထိုးပစ်လိုက်ပြီးမှ သေနတ်ကိုဆွဲလုကာ အရိုးကျိုးသွားလောက်အောင် နောက်ကျောကို ဖိနင်းပစ်လိုက်သည်။

ထိုသူက ကမ္ဘောဒီးယားဘာသာဖြင့် အော်သည်။ ကျီးနွမ်သွေးထွက်နေတာကို K မြင်လိုက်တော့ မျက်ထောင့်နီနီဖြင့် ထိုသူ့ကျောကို ကြမ်းတမ်းစွာ ဖိနင်းလိုက်သည်။ မြေပေါ်ကသေနတ်တစ်လက်ကိုကောက်ပြီး ထိုသူ၏ နောက်စေ့ကို အကြိမ်ပေါင်းများစွာ ပစ်လိုက်သည်။ ထိုသူ့ဦးနှောက် မြေပေါ်တွင် ပြန့်ကျဲသွားပြီဆိုမှ K က သေနတ်ကိုလွှင့်ပစ်ပြီး ပြန်ပြေးလာလိုက်သည်။

သူ့ရင်ခွင်ထဲတွင် လဲနေသည့် ကျီးနွမ်ကို မော့ကျင်းရှန်းက ပြင်းထန်စွာ ပွေ့ဖက်ထားသည်။ သူမလည်ပင်းက သေနတ်ဒဏ်ရာကို လက်တစ်ဖက်နဲ့ အုပ်ပြီး ပါးစပ်ကစီးထွက်နေသည့် သွေးတွေကို ကျန်လက်တစ်ဖက်နဲ့ သုတ်ပေးလိုက်သည်။ သို့ပေမယ့် သွေးတွေက အရမ်းများတာကြောင့် သူ့မှာ စင်အောင် မသုတ်နိုင်။ သူမကိုတင်းတင်းဖက်ထားရင်း သူ့မျက်လုံးအစုံက နီလာသည်။ " မကြောက်နဲ့နော်.. အဆင်ပြေသွားမှာပါ.. ဆေးရုံကိုသွားကြမယ်.. ကျည်ဆန်ထုတ်ပြီးရင် ကောင်းသွားလိမ့်မယ် သိလား.. မကြောက်ရဘူး.. နွမ်နွမ်.. မင်းကောင်းသွားမှာပါ .. သက်သာသွားလိမ့်မယ်.. "

K ရော ကျီးနွမ်ပါ ဒီလောက်ပျာယာခတ်နေတဲ့ မော့ကျင်းရှန်းကို လုံးဝ မမြင်ဖူးပေ။ ကျီးနွမ့်ကိုယ်လေး မြေပေါ်ကျသွားစဥ် မော့ကျင်းရှန်းက ဒူးထောက်ထိုင်ချလိုက်ပေမယ့် သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားတုန်း။ " ရူးလိုက်တာ... မင်းကို ဘယ်သူလုပ်ခိုင်းလို့လဲ... ကိုယ်မရှောင်နိုင်ဘူးလို့ ဘာလို့ တထစ်ချတွက်လိုက်တာလဲ... ဘာလို့ ဒီလောက်တုံးရတာလဲ... ဘာလို့လဲ... "

② Young Master Mo, Are You Done Kissing?Where stories live. Discover now