344-345

6.3K 825 5
                                    

အခန်း ( ၃၄၄ )

အဖိုးစုမှာ ကျီးနွမ် သူ့ကို ဤသို့ပြောလာလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ချက်ချင်း မျက်နှာပျက်သွားသည်။

စုမိသားစု၏အရေးအခင်းတွင် မော့ရှောင်ဇယ်လည်း ပါဝင်သည်။ သူ မှားမှန်းသိသည့်အတွက် မော့ရှောင်ဇယ်မှာ စကားဝင်မပြော။

စုကျီးလန်သည်လည်း ဒေါသကြောင့် တိတ်ဆိတ်သွားဟန်ရှိသည်။ မျက်နှာတွင် ဘာခံစားချက်မှ မပေါ်သော်လည်း မျက်လုံးတွေကတော့ ကျီးနွမ်ဆီတွင်သာ စွဲမြဲနေ၏။

" အားလုံးပဲ "
ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နေဟန်ရှိသည့် စုကျီးလန်ကြောင့် မော့ကျင်းရှန်းဟာ ကျီးနွမ်လက်ကို ဆွဲပြီး ထရပ်လိုက်သည်။

သူ့မျက်နှာ ရေပြင်ကဲ့သို့ တည်ကြည်အေးဆေးနေသည်။ အခြေအနေအရ သူ ပြုမူ၏။
" စိတ်မရှိပါနဲ့ ... နွမ်နွမ့်မှာ အခု ကိုယ်ဝန်ရှိနေတာကြောင့် ဒီလိုနေရာဒီလိုအခြေအနေမှာ နေဖို့ မသင့်လျော်ဘူး။ သူ့အတွက် စိတ်ထိခိုက်နိုင်တယ်။ ကျွန်တော် သူ နားလို့ရအောင် အခန်းထဲကို ပြန်ခေါ်သွားလိုက်ပါဦးမယ်။ အဖိုးစု နဲ့ စုကျီးလန် ... ခင်ဗျားတို့သာ နှစ်သစ်ကူးကို ကျွန်တော်တို့နဲ့အတူ ဆင်နွှဲချင်ရိုးမှန်ရင် မော့မိသားစုကလည်း ခင်ဗျားတို့နှစ်ယောက်ကို နွေးနွေးထွေးထွေး ကြိုဆိုမှာပါ။ ဒါပေမယ့် တခြားဆန္ဒတွေနဲ့လာခဲ့တာဆိုရင်တော့ ကျွန်တော်တို့ဘက်က ခင်ဗျားတို့ကို လိုက်မပို့တော့ဘူးနော်။ ကျေးဇူးပြုပြီး ကိုယ့်အသိနဲ့ကိုယ် ထွက်သွားလိုက်ပါ "

စကားဆုံးသည်နှင့် ကျီးနွမ့်လက်ကို ကိုင်ဆွဲပြီး အပေါ်ထပ်ကို ဦးဆောင်သွားတော့သည်။

သူ့ခြေလှမ်းတွေ မမြန်သော်ငြား နောက်ကို လုံးဝလှည့်မကြည့်ခဲ့။ တုံ့ဆိုင်းခြင်းလည်း မရှိသလို ကိုယ်တိုင် ရှင်းလင်းပြချင်စိတ်လည်း သူ့မှာ မရှိ။

ကျီးနွမ်က ဘာမှမပြောဘဲ မော့ကျင်းရှန်းဆွဲခေါ်သည့်အတိုင်း နာခံမှုရှိစွာ လိုက်သည်။ တစ်ကိုယ်ကောင်းဆန်သည့် စုကျီးလန်နှင့်သွားရမည်ထက် မော့ကျင်းရှန်းခေါ်သည့် အပေါ်ထပ်ကိုသာ ပျော်ပျော်ကြီး လိုက်သွားလိုက်မည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now