606-610

8.4K 781 61
                                    

Unicode:

အခန်း ( ၆၀၆ )

ကျီးနွမ့်မျက်နှာဖြူဖြူလေးသည် စိတ်မပါဟန်။
" ကျွန်မက မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေချင်ရုံပါ။ ဘာတွေ ကြိုလင့်နေမယ်မှန်းသာ သိခဲ့ရင် ဒီကို လာခဲ့မိမှာ မဟုတ်ဘူး။ အောက်ထပ်မှာတော့ ရုံချန်းကို ကျွန်မ ရင်ဆိုင်လိုက်နိုင်တယ်။ ဒါပေမယ့် အခု ဒီမှာက လူတွေအများကြီးပဲ။ ကတ်ဆော့ရုံသက်သက်နဲ့တော့ သူတို့ ဒီကိုရောက်နေကြတာ မဟုတ်လောက်ဘူး ဟုတ်တယ်မလား "

စက္ကန့်ပိုင်းမျှကြာလျှင် သူက ရယ်သည်။
" မှန်တယ်.. ဒီလူတွေကို ဒီကိုဖိတ်လိုက်တာက ရုံချန်း ဆိုပေမယ့် သူတို့တွေက မြို့တော်က မဟုတ်ဘူး။ တလောကမှ ပေကျင်းကို ရောက်လာကြတဲ့သူတွေ။ ရုံမိသားစုက ဒီအခွင့်အရေးကို သုံးပြီး ဒီလူတွေနဲ့ ရင်းနှီးမှု ရယူချင်တာကွာ။ အဲဒါကြောင့် ရုံချန်းကပဲ ရုံမိသားစုရဲ့ကိုယ်စား ဒီကလူတွေကို ဖိတ်လိုက်တာပေါ့။ ပြီးရင် အဖိုးရုံရဲ့မွေးနေ့ပါတီကို တက်ရောက်ပေးဖို့ ဖိတ်လိမ့်ဦးမယ် "

ကျီးနွမ် အထဲကို ကြည့်လိုက်၏။
" ရုံမိသားစုက မွေးနေ့ပါတီအတွက် လူဘယ်နှယောက်လောက်ကို ဖိတ်ချင်တာလဲ "

ရှောင်းလူယဲ့သည် သူ၏ မေးရိုးကို ပွတ်သပ်ပြီးမှ ပြုံးလိုက်လေသည်။ " မသိဘူးလေ။ ဒါပေမယ့် ရှောင်းမိသားစုကိုရော မော့မိသားစုကိုပါ ဖိတ်ထားတယ်ဆိုတော့ များမယ် ထင်တာပဲ "

ကျီးနွမ် သူ့ကို ဘေးတိုက်ကြည့်လိုက်၏။
" မော့ကျင်းရှန်းရော လာမှာလား "

" ဘယ်သိမလဲ။ သူ့ဆီ ဖိတ်စာပို့မှာကတော့ သေချာတယ်။ လာတာ မလာတာက မော့ကျင်းရှန်းရဲ့အပိုင်း။ ဒါပေမယ့် ရုံချန်းက မင်းကို ဒီခေါ်ရဲတယ်ဆိုတော့ သူက မော့ကျင်းရှန်းကို မလာလောက်ဘူးလို့ တွေးထားတာပဲ ဖြစ်မယ် "

" ကျွန်မကို ရုံချန်းက ဘာတွေလုပ်ခဲ့တယ် ဆိုပြီး ရှင် သူ့ကို မပြောပြလိုက်နဲ့ဦးနော် .. သူနဲ့ ကျွန်မ အဆက်အသွယ် ရှိသေးတယ်ဆိုပြီး အထင်လွဲကုန်ကြမှာမျိုးကို ကျွန်မ မလိုချင်ဘူး "

" အဟက် အထင်မလွဲစေချင်ရင် အသာလေး အထင်လွဲနိုင်မယ့်ဟာတွေကို ဘာမှ မလုပ်နဲ့လေ "

② Young Master Mo, Are You Done Kissing?Where stories live. Discover now