242-243

9.5K 998 65
                                    

Zawgyi

အခန်း ( ၂၄၂ )

" ဘာဖြစ်လဲ ဒါက အများပြည်သူပိုင်နေရာ နင့်မှာ ငါတို့ကို တားပိုင်ခွင့်ရှိလို့လား ? "
ပိုင်ဝေ့က ပြန်ပြောသည်။

လင်းဖေးဖေး : "..."
အထဲမှာရှိနေတဲ့ မော့ကျင်းရှန်းကို စိတ်မချမ်းမြေ့စွာ လှည့်ကြည့်လိုက်သည်။

ပိတ်ကားပြင်နှင့် ခန်းဆီးလိုက်ကာစများကို ဖယ်ရှားပြီးဖြစ်သည်။ ကျောင်းသားအများစုသည်လည်း အပြင်ထွက်သွားပြီဖြစ်သလို တစ်ချို့ဟာလည်း ဝင်ပေါက်မှာ ယောင်ပေပေလုပ်နေကြသည်။ ကျီးနွမ် ၊ ပိုင်ဝေ့ နှင့် လင်းဖေးဖေးတို့သာ စင်အောက်မှာ မတ်တပ်ရပ်နေကြသည်။ သူမတို့ပုံတွေက သံသယဖြစ်ဖွယ်မို့ ကျောင်းအုပ်ဆရာကြီးက ချက်ချင်း သတိပြုမိသွားသည်။

" မင်းတို့တွေ ဘာလို့ဒီမှာ ယောင်လည်လည်လုပ်နေကြတာလဲ ? အခုထွက်တော့ ! ခိုးကြောင် ခိုးဝှက် ကြည့်မနေကြနဲ့ "
ကျောင်းအုပ်ဆရာကြီးသည် သူမတို့ကို မနှစ်မြို့စွာ ကြည့်လာသည်။

လင်းဖေးဖေးက ကသောကမြော ပြောလိုက်၏။ " ဆရာကြီး ... ကျွန်မတို့မှာ စောစောက ဥက္ကဋ္ဌမော့ ပြောသွားတာနဲ့ပတ်သက်ပြီး မေးစရာလေးရှိလာလို့ သူနဲ့ နည်းနည်းလောက် ဆွေးနွေးချင်လို့ပါ ... "

' ကျွန်မ ' လို့ ပြောရမည့်အစား လင်းဖေးဖေးက 'ကျွန်မတို့' ဆိုပြီးသုံးကာ ကျီးနွမ် နှင့်ပိုင်ဝေ့ကိုပါ ဆွဲသွင်းသည်။

ပိုင်ဝေ့ မျက်ဝန်းတို့ ကျဉ်းမြောင်းသွားသည်။

ကျီးနွမ်က မျက်ခုံးသာပင့်၏။

မော့ကျင်းရှန်းက သူတို့ကို အေးဆေးစွာ ကြည့်လာသည်။ ကျီးနွမ်ကို မြင်တာတောင် သူ့မှာ မတုန်လှုပ်။ " ဘာမေးချင်တာလဲမသိဘူး ? "

ဥက္ကဋ္ဌမော့က သူမကို ပြန်​ပြောလာလိမ့်မယ်လို့ လင်းဖေးဖေးသည် မျှော်လင့်မထား။ ထို့ကြောင့် သူကပြန်ပြောလာသည့်အခါ ကျောင်းအုပ် ဆရာကြီး၏ မျက်နှာရိပ်မျက်နှာကဲကို မကြည့်ဘဲ ချက်ချင်းပင် သူ့နားကို ကပ်သွားလိုက်သည်။ " ဥက္ကဋ္ဌမော့ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မက ပါမောက္ခလင်းရဲ့ စီးပွားစီမံအတန်းက ကျောင်းသူတစ်ယောက်ပါ။ လင်းဖေးဖေးလို့ ခေါ်ပါတယ်။ မိသားစုကတော့ လင်းအုပ်စုဘဏ်.. "

② Young Master Mo, Are You Done Kissing?Where stories live. Discover now