666-670

10.3K 961 69
                                    

Unicode:

အခန်း ( ၆၆၆ )

ဒါကိုကြားတော့ ကျီးနွမ် သူ့လက်ကို လွှတ်ပေးလိုက်ပြီး ခပ်ဆတ်ဆတ်ရိုက်ချပစ်လိုက်သည်။

သူမပါးမို့မို့ကို ဆွဲညှစ်ရင်း မော့ကျင်းရှန်းက ရယ်သည်။ နှုတ်ခမ်းတွေမှာ အပြုံးတို့တွဲခိုရင်း
" ရှက်သွားရင်လည်း သူများတွေကိုရိုက်တတ်သေးတယ်.. ဘယ်တုန်းက ဒီလိုကြမ်းတမ်း,တတ်သွားတာလဲ.. ဖုန်းလင်းနဲ့ အင်္ဂလန်မှာ တစ်နှစ်လုံးလုံး နေခဲ့လို့လား၊ သူ မင်းကို ဒါတွေ သင်ပေးလိုက်တာလား "

" အို.. ဖုန်းလင်းနဲ့ဘာဆိုင်လို့လဲ.. သူက ကျွန်မကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ပဲ သင်ပေးသွားတာ... "

မော့ကျင်းရှန်းက သူမမေးစေ့ကိုနမ်းပြီး ပြုံးသည် " နန့်ဟန်ရှေ့မှာဆို သူက လုံးဝကို ပြားပြားဝပ်ပဲ.. မင်းကို ကိုယ်ခံပညာသင်ပေးဖို့ အင်္ဂလန်ထိ​​ပြေးလာရဲတယ်ဆိုတော့ အဲ့တစ်နှစ်အတွင်းမှာ မင်း သူ့ကို အများကြီး ကာကွယ်ပေးခဲ့လို့ပဲ ဖြစ်မယ် "

ကျီးနွမ် : "..."

ပြောကာမှပဲ အဲ့နှစ်မှာ အင်္ဂလန်က သူမဆီကိုလာဖို့ ဖုန်းလင်းက တကယ်ကြီး နန့်ဟန်ဘေးကနေ ခိုးထွက်လာခဲ့တာဖြစ်သည်။ နောက်တော့ ဖုန်းလင်းကို နန့်ဟန်ပြန်ဖမ်းသွားတဲ့အဖြစ်က တော်တော့်ကို ဇာတ်လမ်းဆန်တာ၊ ကံဆိုးချင်တော့ ဖုန်းလင်းက လုံးဝကို မလှုပ်ဘူး။

တခြားကိစ္စကြောင့် ကျီးနွမ်အာရုံလွင့်သွားတာကိုမြင်တော့ သူက ရှေ့ဆက်ဖို့ စောင်ကိုဆွဲလိုက်ပြီး သူနဲ့အတူ သူမကိုပါ လွှမ်းခြုံပစ်လိုက်သည်။

ကျီးနွမ့်မျက်လုံးတို့ဝိုင်းစက်ကုန်ပြီး အမှောင်ထုထဲတွင် မော့ကျင်းရှန်းကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။ သူ့ခံနိုင်ရည်ကို အပြည့်အဝသုံးပြီး အတွေးများနေတဲ့သူမစိတ်ဝိညာဥ်ကို ခန္ဓာကိုယ်ဆီပြန်ရောက်စေလိုက်တာကြောင့် သူမအတွက် တခြားကိစ္စတွေကို တွေးဖို့ မဖြစ်နိုင်တော့...

မော့ကျင်းရှန်းသည် တစ်နေ့ညကလုံးဝကုန်ခမ်းသွားသည့်ကျီးနွမ့်အားအင်ကို ထောက်ပြီး သူမကို တစ်ညလုံး မညှင်းစဲခဲ့ပေ။

② Young Master Mo, Are You Done Kissing?Where stories live. Discover now