266-267

8.5K 897 11
                                    

အခန်း ( ၂၆၆ )

ထိတ်ခနဲ ဖြစ်သွားမှုကြောင့် ကျီးနွမ်က နောက်ကို တစ်လှမ်းဆုတ်သွားသည်။ မော့ကျင်းရှန်းက လျင်မြန်စွာပဲ သူမခါးကို ထိထိမိမိ ဆုပ်ကိုင်လိုက်၏။ ဝန်ထမ်းများ၏ အားကျသလိုလို စနောက်ချင်သလိုလို ကြည့်လာကြသော မျက်ဝန်းများအောက်မှာ မော့ကျင်းရှန်းက သူမကို အဝတ်လဲခန်းထဲ ဆွဲခေါ်သွားလိုက်သည်။

တံခါးပိတ်ပြီးတဲ့နောက် သူမဘေးတစ်ပတ်လည်မှာ ရင်းနှီးနေကျ ရနံ့တစ်ခု ထုံလွှမ်းသွားသည်။ ကျီးနွမ် အလိုအလျောက် နောက်ဆုတ်သွားမိ၏။ ထိုသို့ တုံ့ပြန်မှုပြုလိုက်သည့်အခါ မော့ကျင်းရှန်းက သူမကို အဝတ်လဲခန်း တံခါးမှာ ဆွဲကပ်ပစ်လေ၏။

အခန်းကျယ်ကြီးဆိုသော်လည်း အခုချိန်မှာ သူတို့နှစ်ယောက်သာရှိသည်။ ကျီးနွမ်မှာ ထူးထူးဆန်းဆန်း မျက်နှာပူလာသလို ခံစားရ၏။ ဘေးပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့်လိုက်ပြီး စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားသလား စစ်ကြည့်ရသည်။

" ဘာလို့ အထဲကို လိုက်ဝင်လာတာလဲ ? အရင်ဆုံး ကျွန်မ အဝတ်လဲဖို့ လိုတယ်..."

သူ့လက်ချောင်းလေးတွေက သူမနောက်ကျောပေါ် ရောက်လာသည်။ မျက်ဝန်းထဲထိ စူးစိုက်ကြည့်ရင်း မော့ကျင်းရှန်းသည် သူမနှုတ်ခမ်းတွေကို ထိကပ်လာ၏။

ကျီးနွမ် : "???"

" မင်းက အရမ်းလှနေတာကိုး။ ကိုယ် အရင် နမ်းပါရစေဦး "

ကျီးနွမ် : "..."

...

သူတို့ ကားပေါ်တက်ပြီး အိမ်ကို ပြန်ခဲ့တာ အိမ်ထဲပင်ရောက်ပြီ။

ဧည့်ခန်းမီးတွေ မဖွင့်ရသေးခင် မော့ကျင်းရှန်းက သူမပါးကို ဆွဲဖျစ်ကာ ငုံ့နမ်းလာ၏။ အဝတ်လဲခန်းမှာ မပြီးဆုံးလိုက်သည့် သူချုပ်တည်းခဲ့သော ကိစ္စရပ်ကို အခုတဖန် ပြန်ဆက်လိုက်ခြင်း။

အတန်ငယ်ကြာသည့်အခါ ကျီးနွမ်က သူ့ရင်ဘတ်ကို တွန်းပစ်လိုက်သည်။ အသက်ရှူဖို့ အနည်းငယ်ကွာဟမှရမည်ဖြစ်၍။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပဲ မော့ကျင်းရှန်းက သူမကို နံရံမှာ ဆွဲကပ်လိုက်ပြန်ရင်း နှုတ်ခမ်းထောင့်စွန်းတို့ကို နမ်းရှုပ်လာသည်။ မင်ရောင်သက်နေသည့် မျက်ဝန်းအစုံက လှုပ်ရှားမှုပြုတိုင်း တစ်ကိုယ်လုံးကို ဝါးမျိုတော့မည့်ပမာ မည်းမှောင်နေသည်။
" ထွက်ပြေးချင်နေတုန်းလား ? "

② Young Master Mo, Are You Done Kissing?Where stories live. Discover now