396ー397

6K 745 56
                                    

(Unicode)

《၃၉၆》ကြင်နာနူးညံ့ခြင်းမရှိတော့သော


ကျိနွမ် သက်ပြင်းချလိုက်မိသည်။ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သော်လည်း ခြေထောက်က ကျင်နေသေးသည်။ ခြေထောက်ကို ခပ်ဖွဖွထုရင်း သူ့ကို မော့ကြည့်လိုက်ကာ
" ခဏနေရင် အဝတ်တွေသိမ်းလိုက်မယ်။ အခု နေလည်း ထွက်လာပြီ။ ရှင် မအိပ်လိုက်ရပြန်ဘူးမလား။ ရှင့်နားနေခန်းကို ကျွန်မက အပိုင်စီးထားမိလို့လား ဒါမှမဟုတ်... "

" ပင်ပန်းတယ်လို့ခံစားရရင် နားလိုက်မယ် "

စိုးရိမ်စကားတောင် မပြောလိုက်ရ။

ကောင်းပြီလေ...

ရှင့်သဘော...

ကျိနွမ် ထရပ်ပြီး အဝတ်ဗီရိုကို ဆွဲဖွင့်ကာ စကားမပြောဘဲ သူမ အဝတ်အစားတွေကို စတင်ထုပ်ပိုးလိုက်၏။ တစ်ထည်ချင်းဖြုတ်ပြီး အနောက်က ခုတင်ပေါ်ပစ်တင်လိုက်ကာ
" ပြီးရင် တစ်ယောက်ယောက်ကိုလက်ဂေ့ချ်လာပို့ခိုင်းဦးမှပဲ။ ရှင်ဝယ်ပေးထားတဲ့အဝတ်တွေက အများကြီးဆိုတော့ လက်ဂေ့ချ်မပါဘဲ ဒီတိုင်း သယ်သွားလို့မရဘူး "

သူက နှုတ်ဆိတ်နေ၏။

ဗီရိုတစ်ဝက်စာနေရာယူထားသည့် သူမအဝတ်တွေကို ဆယ်မိနစ်ကျော်ကြာအောင် ထုတ်ယူလိုက်ရသည်။ ပြီးတော့ ထိုရှပ်အင်္ကျီတွေဆီသို့ အကြည့်ရောက်သွားရကာ ရုတ်တရက် မြောက်တက်သွားသော လက်တစ်ဖက်နှင့်အတူ ရှပ်အင်္ကျီတွေပါလာပြီး ခုတင်ပေါ်သို့ အားလုံး ပစ်တင်ခံလိုက်ရ၏။

ထို့နောက် ရှပ်အင်္ကျီတွေကို တိတ်တဆိတ်ကြည့်ရင်း တစ်ခုခုတွေးနေပုံရသည့် မော့ကျင်းရှန်းကြောင့်..

" ရှင့်ရဲ့ရှပ်အင်္ကျီတွေကိုလည်း ကျွန်မဝတ်ဖူးတယ်လေ။ ရှင့်အင်္ကျီတွေဝတ်ပြီး ဒီမှာ တစ်ကြိမ်တစ်ခါမက နေဖူးတာမို့ သိမ်းမယ့်သိမ်းတော့ အားလုံး တစ်ခါတည်းသိမ်းသွားလိုက်မယ် "
ကျိနွမ်က သူ့ကို မကြည့်ဘဲ ရှပ်အင်္ကျီတွေကို ကြည့်ကာဆိုသည်။

မော့ကျင်းရှန်းက အတန်ငယ်ကြာအောင် နှုတ်ဆိတ်နေသည်။ ပြီးတော့ ပြတင်းပေါက်အပြင်ကိုလှည့်ကြည့်လိုက်ရင်း
" သဘော "

② Young Master Mo, Are You Done Kissing?Where stories live. Discover now