486↠490

8.2K 823 77
                                    

Unicode:

အခန်း ( ၄၈၆ )

ကွန်ဒိုသို့ ရောက်သည့်အခါ မိုးစဲသွားချေပြီ။ မြေပြင်မှာလည်း ဗွက်အိုင်ကလေးများ ပေါ်ပေါက်နေလေ၏။

ထို့ကြောင့်သူတို့ ခြေချလိုက်တာနဲ့ ရွှံ့တွေ စင်ကုန်လိမ့်မည်။ လမ်းကူးဖို့လည်း အဆင်မပြေသည့်အတွက် အနီးဆုံး ညစျေးဆီသွားဖို့ ကျီးနွမ် ဆုံးဖြတ်လိုက်၏။ မစ္စတာဗင့်စ်ကို ညစာလိုက်ကျွေးဖို့ စားသောက်ဆိုင် အသေးလေးတစ်ခု တွေ့ထားသည်။

စားသောက်ဆိုင်လေးဆိုသော်လည်း ပတ်ဝန်းကျင် နှင့် အစားအစာ က သန့်ရှင်းသည်။ အရသာကလည်း ရိုးရှင်းပြီး ကြည်နူးအားရဖွယ်။

" အရင်တုန်းက ရှောင်ပါးဆီက ကြားထားတာရှိတယ်။ မင်းက အချက်အပြုတ်တော်တယ်တဲ့.. အိမ်မှာလည်း ကိုယ်တိုင် ချက်ပြုတ်စားတယ်ဆို။ နောက်,အားလို့ရှိရင် မင်းလက်ရာကို စားကြည့်ချင်မိတယ် ကျွေးမယ်မလား " မစ္စတာဗင့်စ်က သူမကို ကြင်ကြင်နာနာ ကြည့်သည်။ ဒါက သူနဲ့ ကျီနွမ် ပထမဦးဆုံးအကြိမ် ထမင်းအတူစားဖူးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း သူက သူ့ရဲ့တူခက်ရင်းအစုံကိုချပြီး အမြဲတမ်း ကျီးနွမ်စားတာကို ငေးကြည့်တတ်သည်။

ကျီးနွမ် သူမ နဖူးကို အုပ်ကိုင်ပြီး ခပ်ရေးရေးလေး ပြုံးလိုက်သည်။ " ကျွန်မလက်ရာက ရှောင်ပါး နဲ့ တခြားသူတွေကို စနောက်ဖို့ နဲ့ ကျွန်မကိုယ်တိုင် ဗိုက်ပြည့်ရုံလောက် စားဖို့ပဲ အဆင်ပြေတာပါ။ ဘာ ထိုက်ထိုက်တန်တန် လက်ရာမျိုးမှ မဟုတ်ပါဘူး။ ရှင် သူ့စကားတွေကို အတည်မမှတ်တာ ပိုကောင်းမယ် မစ္စတာဗင့်စ် "

" ဒါပေမယ့် ကိုယ် မှတ်မိသလောက်ဆို ရှောင်ပါးက မင်းလက်ရာ တကယ်ကောင်းတယ်လို့ပဲ ပြောတာနော်။ အင်္ဂလန်မှာတုန်းကဆိုရင် သူက မင်းအိမ်ကိုလာပြီး စား​ဖြစ်သောက်ဖြစ်တယ်တဲ့။ ပြီးတော့ ပြောသေးတယ်.. သူ့ချစ်သူကောင်လေးကြောင့်သာမဟုတ်ရင် အိမ်မပြောင်းဘဲနဲ့ မင်းဘေးမှာ တဝကြီးစားပြီး နေလိုက်မှာတဲ့။ ပြောကာမှပဲ.. ရှောင်ပါးက မင်းလက်ထောက်နော်။ ဒါတောင် မင်း သူ့ကို တရင်းတနှီးဆက်ဆံတယ်။ ကိုယ့်ကိုကျတော့ ဘာလို့ သူစိမ်းတစ်ယောက်လို ဆက်ဆံတာလဲ "

② Young Master Mo, Are You Done Kissing?Where stories live. Discover now