449ー450

7.9K 1K 82
                                    

(Unicode)

《449》ဆရာမော့က အခုတင် အပေါ်ထပ်မှာ ထိုင်သွားတာပါ(2)

ရှထျန်က သူမကိုကြည့်သည်။
" နင်က အင်းလို့ ပြောလိုက်တယ်ဆိုပေမယ့် ငါက အဲ့လိုလုပ်ခိုင်းခဲ့တာမဟုတ်ဘူးလေ။ တကယ်လို့ ဒီလူသာ မော့ကျင်းရှန်းဆိုရင် "

ကျိနွမ် နှုတ်ဆိတ်နေမိသည်။

ထိုစဥ် ဟန်ချန်သူဌေးက MN Group သို့ ရောက်လာပြီး ကျိနွမ်နှင့် တွေ့ခွင့်တောင်းလာသည်။

ကျိနွမ် ဖုန်းပြောပြီးနောက် ရှထျန်အား တစ်ချက် ကြည့်လိုက်သည်။
" ဟန်ချန်ကလူတွေ ဘယ်အချိန်က ရောက်လာသေးလဲ "

" မနေ့က .. ငါ နင့်အပန်းဖြေခရီးကို မနှောင့်ယှက်ချင်တာကြောင့် ဖုန်းမဆက်လိုက်တာ "

ကျိနွမ် ခေါင်းညိတ်လိုက်သည်။ ပြီးတော့ ဘာမှထပ်မပြောတော့ဘဲ လက်ထဲကဖိုင်ကိုပိတ်ကာ မတ်တပ်ထရပ်လိုက်ရင်း
" ဧည့်ခန်းမှာ သူတို့နဲ့ သွားတွေ့လိုက်ဦးမယ် "

" ဟန်ချန်ရဲ့သူဌေးက ငါတို့ သူ့လူနှစ်ယောက်ကို ရဲလက်အပ်လိုက်တဲ့အပေါ် မကျေမချမ်းဖြစ်နေတုန်းပဲ။ သူ မနေ့ကလည်း လူတွေအများကြီးခေါ်လာတယ်။ တကယ့်ကို မဖော်မရွေပါပဲ။ နင် သူနဲ့ ကိုယ်တိုင်သွားတွေ့ချင်တာ သေချာပြီလား "

ကျိနွမ်က ဘာမျှမပြောဘဲ အပြင်ကို ထွက်သွားသည်။

ဧည့်တွေ့ခန်းသို့ ရောက်သည့်အခါ ဟန်ချန်ရဲ့သူဌေးဆိုသူကို တွေ့၏။ အရပ်ရှည်ရှည်၊ သန်သန်မာမာ အသက် ၄၀ အရွယ်ယောက်ျားတစ်ယောက်ဖြစ်သည်။ ထိပ်ပြောင်နေသည့်အပြင် လည်ပင်းမှာ ဆွဲထားသည့် ရွှေဆွဲကြိုးက ပြူးပြူးရယ်မို့ နောက်မှပေါက်သည့် ရွှေကြာပင်နှယ်။ ဟန်ချန်ကုမ္ပဏီက ဘာလို့များ နိုင်ရာစားနေပါသလဲလို့ .. ဒီသူဌေးရဲ့ပါဝါ ရှိနေလို့ကိုး။

ကျိနွမ် ဝင်လာလျှင် ဟန်ချန်သူဌေးက စကားအနည်းငယ်ပြောပြီး သူမကို ရိုက်နှက်မည်ဟု ခြိမ်းခြောက်သည်။ သို့သော်လည်း ကျိနွမ်က တံခါးဝမှာ မတ်တပ်ရပ်ပြီး ဟန်ချန်သူဌေး နှင့် သူ့လူများကိုကြည့်ရင်း ရေတွက်နေသည့်ပမာ လက်ချောင်းကလေးများကို လှုပ်ရှားနေ၏။

② Young Master Mo, Are You Done Kissing?Where stories live. Discover now