701-705

10.3K 884 100
                                    

Unicode:

အခန်း  ( ၇၀၁ )

“ သခင်လေး ဒါ ယွဲ့ဟူဘေး  သခင်လေးရဲ့တိုက်ခန်းက အိမ်စေ ပို့ပေးလိုက်တဲ့ ပစ္စည်းပါ ” ယွီဥယျာဥ်အပြင်တွင် အန်တီချန်က ပစ္စည်းထုပ်တစ်ထုပ်ကို လက်ခံရရှိပြီး မော့ကျင်းရှန်းကို ပြလိုက်သည်။

“ ဘာပစ္စည်းလဲ ” အန်တီချန့်လက်ထဲကဘူးကို မော့ကျင်းရှန်း ကြည့်လိုက်သည်။ 

“ ကျွန်မ မသိပါဘူး ... ဒါပေမယ့် သခင်လေးရဲ့အိမ်စေ ကျွန်မကို ဖုန်းထဲမှာ ပြောသွားတာတော့..  ဒီပစ္စည်းကို မမလေးက လော့စ်အိန်ဂျလိစ်ကို မသွားခင်က မှာခဲ့တာတဲ့... အရင်လက ယွဲ့ဟူဘေးကို ပစ္စည်းရောက်လာပေမယ့် မမလေးက မရှိလို့ လုံခြုံရေးတွေဆီအပ်ထားခဲ့တာ... နောက်တော့ လုံခြုံရေးဝန်ထမ်းတွေက မမလေးရဲ့တိုက်ခန်းတံခါးကို ခေါက်ပြီး ပစ္စည်းလက်ခံဖို့ မေးတာကို သခင်လေးရဲ့အိမ်စေက တွေ့ပြီး မမလေးအတွက် လက်ခံပေးလိုက်တယ်ဆိုပဲ... သခင်လေးနဲ့ မမလေးတို့ပြန်ရောက်လာမှန်းသိတော့ ဒီပစ္စည်းကို ယွီဥယျာဥ်ကိုပို့လိုက်တာပါတဲ့ ” အန်တီချန်က ဘူးကို စားပွဲပေါ်တင်လိုက်သည်။ “ ဖွင့်လိုက်ရမလား”

မော့ကျင်းရှန်း ဘူးကိုကြည့်ပြီး တွေးလိုက်၏။ 
“ ကျွန်တော့်ကိုပေးပါ ”

အန်တီချန်က မြန်မြန်ယူပြီး သူ့ကိုလှမ်းပေးသည်။

ဘူးက ပေါ့ပေါ့လေးမို့ အထဲက ပစ္စည်းသည် သိပ်မကြီးနိုင်။ မော့ကျင်းရှန်း ဘူးကို လက်နဲ့ ချိန်ဆကြည့်ပြီး အိပ်ခန်းထဲသို့ သွားလိုက်သည်။

ကျီးနွမ်က အိပ်ပျော်နေသည်။ ချင်စစ်တင်းက ကျီးနွမ်ကို အိပ်ဆေးတိုက်ဖို့ ညွှန်ကြားသွားသည်။ နေ့လယ် ဆေးသောက်ပြီးတာနဲ့ နေ့တိုင်း ၂နာရီ အိပ်ရမည်။ ဒီလိုလုပ်မှ ဆေးစွမ်းပိုပြမည်ဖြစ်ပြီး ကျန်ရှိနေတဲ့သွေးတွေကို သူမရဲ့ဦးနှောက်သွေးကြောက စုပ်ယူရာ၌ အကူအညီဖြစ်စေမည်။

ကျီးနွမ်အိပ်နေတာကို ကြည့်ရင်း ပစ္စည်းထုပ်ကို စားပွဲပေါ်တင်လိုက်သည်။ ခဏကြာမှ ဖွင့်ကြည့်လိုက်၏။

အတွင်း၌ အပြာနုရောင်ကတ္တီပါဘူးလေးရှိကာ ကတ္တီပါဘူးကို မြင်တာနဲ့ အထဲကပစ္စည်းကို မော့ကျင်းရှန်းသိလိုက်သည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now