546-550

9.5K 939 66
                                    

Unicode:

အခန်း ( ၅၄၆ )

ကျင်းမြို့ကိုရောက်တော့ ညနေစောင်းနေပြီ။ ခုချိန် လုပ်စရာလိုသည်က ဟိုတယ်ကိုအရင်သွားဖို့ .. ကျန်တာကိုတော့ မနက်ဖြန်မှ ဖြေရှင်းရမည်။

ကားထဲမှာ ကျီးနွမ် နဲ့ မော့ကျင်းရှန်းက နောက်ခန်းတွင် ထိုင်သည်။ ရှောင်းဟူ နဲ့ သူမတို့ကို လာကြိုသည့် ဒရိုင်ဘာကတော့ အရှေ့ခန်းမှာ ထိုင်သည်။

ကျီးနွမ် သူမဖုန်းကိုကြည့်ပြီး ပြတင်းပေါက်အပြင်က ညကောင်းကင်ကို လှည့်ကြည့်မိသည်။ ဒီည ကျင်းမြို့တွင် နေရမည့် အကြောင်းကို တွေးလိုက်မိတော့ " ဘယ်ဟိုတယ်ကို သွားကြမှာလဲ "

" ဟိုင်ယန်းက ရှန်းထန်းဟိုတယ်ကိုပါ .. အခန်းကိုတော့ ဘွတ်ကင်လုပ်ထားပြီးသားမို့ ရောက်တာနဲ့ တန်းနားလို့ရပါတယ် " သူမအမေးကို ရှောင်းဟူက ဖြေသည်။ " CEO ကျီက မနက်ဖြန်ကျရင် မနက် ၇ နာရီမှာ မနက်စာ ပြီးအောင် စားထားရပါမယ်.. ၇နာရီခွဲတာနဲ့ အစည်းအဝေးတက်ရအောင်ထွက်မှာပါ .. မနက်ဖြန်အတွက်က ပြင်ဆင်စရာ သိပ်တော့ မရှိပါဘူး .. ဒါပေမယ့် သဘက်ခါကျရင်တော့ အစည်းအဝေးပြီးတာနဲ့ အရေးကြီး ညနေခင်းပါတီတစ်ခု တက်စရာ ရှိပါလိမ့်မယ် .. CEO ကျီမှာ ပွဲတက်ဂါဝန်တစ်ထည်လောက်တော့ ပါတယ်မလား "

" ညနေခင်းပါတီလား " ကျီးနွမ် မျက်ခုံးပင့်မိသည်။

" ဟုတ်ပါတယ် .. ကျင်းမြို့က စီးပွားရေးလုပ်ငန်းရှင်တွေ စီစဥ်ကျင်းပတဲ့ ပရဟိတပွဲပါ .. CEO မော့ကိုယ်တိုင်တောင် တက်ရောက်ဖို့ ရှားပါးတဲ့ အခွင့်အရေးတစ်ခုမို့ ဒီပွဲက တကယ်ကို ကြီးကျယ်ခမ်းနားမှာပါ .. ဒါ့ကြောင့် ကျွန်တော်တို့လည်း ပွဲတက်ရပါလိမ့်မယ် "

ကျီးနွမ် ပွဲတက်ဂါဝန်တော့ ပြင်မလာခဲ့ပေ။ သို့သော်လည်း ကျင်းမြို့သည် ဟိုင်မြို့ကဲ့သို့ ခမ်းနားပြည့်စုံနေတော့ ဂါဝန်ကိစ္စက ဆိုင်တစ်ဆိုင်ကို သွား၍ ဖြေရှင်းလိုက်လို့ရသည်။

ဟိုတယ်ကိုရောက်လျှင် နာမည်ကျော်ကြားသော ကျင်းမြို့၏ ရှန်းထန်းဟိုတယ်ကို ကျီးနွမ် မျက်လုံးကစားကြည့်မိသည်။ ရုတ်တရက် ခေါင်းထဲ ဝင်လာသည်က နောက်ထပ် မေးခွန်းတစ်ခု ~

② Young Master Mo, Are You Done Kissing?Where stories live. Discover now