631-635

8.3K 759 50
                                    

Unicode:

အခန်း ( ၆၃၁ )

ကျီးနွမ် : "..."

ဘာလဲ.. ဘာတွေပြောနေကြတာလဲ.. ဒီက လက်စွပ်ကို ဝတ်ရုံပဲ ဝတ်ကြည့်တာ.. ဝယ်မယ်လို့ မပြောရသေးဘူးလေ.. ပြီးတော့ ဒီဆိုဒ်က ကျန်တဲ့လက်ချောင်းတွေမှာ ဝတ်လို့မှ မတော်တာကို..

ကျီးနွမ် ပြောမလို့ကို မော့ကျင်းရှန်းက သူမလက်ကို ဆွဲကိုင်လိုက်ချေပြီ။ လက်သန်းက လက်စွပ်ကို ချွတ်ပြီး သူမကိုလည်း မကျေမနပ် ကြည့်သွားသေးကာ သူက လက်စွပ်ကို ကောင်တာပေါ် ပြန်တင်ပေးလိုက်သည်။

" ကျွန်မ မ..."

" ဒီ့ထက် ဆိုဒ်ကြီးတာ ရှိသေးလား "
မော့ကျင်းရှန်းက သူမပြောတာကို မစောင့်ဘဲ ကောင်တာနောက်က ဝန်ထမ်းကို လှည့်မေးလိုက်သည်။

" ရှိတာပေါ့! " ဝန်ထမ်းက ဒီဇိုင်းတူတဲ့ လက်စွပ်တွေကို ပြေးယူပြီး သူတို့ကြည့်လို့ရအောင် ကောင်တာပေါ်မှာ ဖြန့်ပြသည်။

ကျီးနွမ်စောစောက ရွေးထားသည့် လက်စွပ်နှင့် ဒီဇိုင်းတူသည့် လက်စွပ်ကို မော့ကျင်းရှန်းက ကောက်ယူလိုက်သည်။ သူက ကျီးနွမ်ရဲ့လက်သူကြွယ်မှာ ဝတ်ပေးဖို့ ပြင်လိုက်ပေမယ့် ကျီးနွမ်က လက်ကို အတင်းပြန်ရုပ်သည်။ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေကလည်း ဒီလို လွယ်လွယ် ခွင့်မပြုနိုင်ကြောင်း ဖော်စွမ်းနေလေသည်။

သူမရဲ့ပြတ်ပြတ်သားသား ငြင်းဆန်မှုကြောင့် မော့ကျင်းရှန်းက တုံ့ဆိုင်းသွားသည်။ သို့ပေမယ့် စဥ်းစားကြည့်လိုက်တော့ တွေ့ရာလက်စွပ်ကို လက်သူကြွယ်မှာ ဖြစ်ကတတ်ဆန်း ဝတ်ပေးဖို့ ကြံရွယ်တာက မသင့်လျော်ဘူး လို့ သူ ထင်သည်။ ဒီလိုလုပ်ချင်ရင် နေရာကောင်းတစ်ခု နှင့် လက်စွပ်ကို သေချာရွေးဖို့ လိုသည်။

ထို့ကြောင့် သူ အတင်း ဝတ်ပေး မနေတော့ဘဲ လက်စွပ်ရဲ့ဆိုဒ်ကိုကြည့်ပြီး သူမလက်ညှိုးမှာ ဝတ်ပေးမည် ကြံလိုက်လျှင် ဝန်ထမ်းက နောက်နောက်ပြောင်ပြောင်ဖြင့် ဖြတ်ပြောလာပြန်သည်။
" ဟယ်..လက်ညှိုးမှာ ဝတ်ပေးလို့လည်း မရဘူးလေနော်! လက်စွပ်ကို လက်ညှိုးမှာ ဝတ်တယ်ဆိုတာက လက်ရှိမှာ ကိုယ်က တစ်ကိုယ်တည်းမို့ ကြိုက်တဲ့လူက ဘာမှစိုးရိမ်စရာမလိုဘဲ ရဲရဲဝံ့ဝံ့နဲ့ လိုက်လို့ရတယ် ပြောတာ.. ဆိုင်သူ မရှိဘူး ကြိုက်ရင် လိုက်ပါ လို့ ပြောတာနဲ့ အတူတူပဲ။ ကိုယ့်သေတွင်းကိုကိုယ်တူးမလို့လား "

② Young Master Mo, Are You Done Kissing?Where stories live. Discover now