736-737

26.7K 1.5K 168
                                    

Unicode:

အခန်း ( ၇၃၆ )

တစ်နှစ်ကြာသော်

" တီ....... "

မနက်အစောကြီး ခေါင်းအုံးကိုပိုက်လို့ စောင်ကြားထဲမှာ အိပ်မောကျနေစဥ် သူမဖုန်းက မြည်သံပေးလာသည်။

မျက်လုံးမပွင့်တပွင့်နှင့် ဖုန်းကို လှမ်းစမ်းလိုက်တော့ ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်နေသည့် နှိုးဆော်စာက " ကလေးနို့တိုက်ပါ " ။

ဒါက မနက်တိုင်း ပေးထားရတဲ့ နှိုးစက်..
နေ့တိုင်း အိပ်ရာနိုးတာနှင့် ကလေးနှစ်ယောက်ကို နို့မှုန့် သော်လည်းကောင်း မိခင်နို့ရည် သော်လည်းကောင်း ၁၅၀ မီလီလီတာခန့် တိုက်ကျွေးဖို့လိုသည်။

မော့မိသားစုက သူတို့အတွက် အာဟာရပညာရှင်တစ်ဦးကို တကူးတက ငှားရမ်းပေးထားသည်။ ကလေးနှစ်ယောက်ရဲ့ကိုယ်အလေးချိန်နဲ့ကျန်းမာရေးအရ သတ်မှတ်ထားသည့်အချိန်မှာ ပုံသေနို့ပမာဏကို တိုက်ကျွေးရန် စီစဥ်ထား၏။ သိရသရွေ့ နို့မှုန့် တစ်လှည့် မိခင်နို့ရည် တစ်လှည့် ပြောင်းလဲတိုက်ကျွေးခြင်းသည် အမြွှာတို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အကျိုးရှိပေလိမ့်မည်။

သို့သော် ဒီနှိုးဆော်စာကတော့ ကျီးနွမ်ကို နှိုးဖို့အတွက်သာဖြစ်၏။

မော့ကျင်းအန်း နှင့် မော့ကျင်းနဥ်း ကို မွေးပြီးတာ သုံးလရှိသွားပြီ။ ကလေးတွေကို ရင်ခွင်ပိုက်ပြီး နို့တိုက်စရာ မလိုရင်တောင် အိမ်ကလူတွေဟာ သူမကို ဘာအလုပ်မှ လုပ်ခွင့် မပေးချေ။

မစ္စစ်ဝမ့်ကျူးကလည်း အမေရိက ကနေ ဒီကိုပြေးလာပြီး ကလေးနှစ်ယောက်ကို နှစ်လကျော်အောင် ကိုယ်တိုင်ထိန်းသွားခဲ့သည်။ တစ်လောကမှ အမေရိကမှာ ရှင်းစရာ ကိစ္စပေါ်လာလို့ သူမ မလွှဲသာဘဲ ပြန်သွားခဲ့ရသော်လည်း သူမတို့အိမ်မှာက ဖိုးဖိုးမော့စီစဥ်ပေးထားသည့် ကလေးထိန်းတစ်ဦးရှိနေသေးသည်။ ပြီးတော့ အနားမှာ အန်တီချန်ရှိနေရင် အကူအညီ မလစ်လပ်ရပါ။

အန်းအန်း နဲ့ နဥ်းနဥ်း ဟူသော နာမည်တွေကိုတော့ ဖိုးဖိုးမော့က ကလေးတွေကို ကျန်းမာစွာ လုံခြုံဘေးကင်းစွာ ငြိမ်းချမ်းစွာ ကြီးပြင်းလာစေရန် မျှော်ကိုးပြီး ပေးထားခြင်းဖြစ်သည်။ ကလေးနှစ်ယောက် မွေးသည့်နေ့တွင် မောင်နှမ အမြွှာမှန်းသိရသည့်အခါ ဖိုးဖိုးမော့သည် မီးဖွားခန်းအပြင်မှာ ချိုင်းထောက်ကိုဖက်ပြီး ဝမ်းသာစွာ ငိုခဲ့သည်။ ရက်အနည်းငယ်ကြာအောင်လည်း မအိပ်ဘဲ ခုတင်ဘေးမှာထိုင်ပြီး ကလေးတွေအိပ်တာစားတာကိုကြည့်သည်။ သူ တစ်က္ကန့်လေးတောင် မျက်လုံး မမှိတ်နိုင်ပါ။

② Young Master Mo, Are You Done Kissing?Where stories live. Discover now