348-349

6.2K 764 8
                                    

《Zawgyi》

အခန်း ( ၃၄၈ )

သို့သော် သူက ' သူ ' ဘာနဲ့တူသလဲလို့ မေးလာသည်။

ကျီးနွမ် သူ့ရင်ဘတ်ကို ထိကိုင်ထားလိုက်သည်။ ရင်ခုန်သံတွေ အရိုင်းဆန်နေ၏။ ငေးမောတွေဝေနေပုံအရ အိပ်မက်ထဲမှာ နစ်မျောနေဟန်ရှိသည်။

အိပ်မက်ထဲမှာ သူမ သွေးအန်ရင်း လဲကျသွားသည်နှင့်တစ်ပြိုင်နက် သူက ရုတ်တရက် ရောက်လာသည်။ အဲ့ဒီသူက ဆံပင်တွေ ပိုတိုသွားတာကလွဲရင် အခုသူနှင့် အတူတူပင်။ ဆယ်နှစ်ဆိုတဲ့အချိန်က သူ့ခန္ဓာကိုယ်ကို ဘာမှပြောင်းလဲမသွားစေဘူးထင်သည်။

အိပ်မက်ထဲမှာ သူ့မျက်နှာအမူအရာကို မမြင်နိုင်ဘူး။ လုံးဝ ထိဖို့ကိုင်ဖို့ မဖြစ်နိုင်သည့် အဲ့ဒီဆယ်နှစ်တာအတွင်းက သူ လိုပဲ။

ကျီးနွမ် စူပုပ်ပုပ်နှင့်ပြောလိုက်သည်။
" မစိုးရိမ်ပါနဲ့ ... အိပ်မက်ထဲမှာတောင် ရှင်က ဆက်ချောနေတုန်းပဲ "

သူက သူမ မေးစေ့ကို ရုတ်တရက်ဖမ်းကိုင်လာပြီး နဖူးချင်းထိကပ်စေလိုက်ကာ။ " တကယ်လား ? "

ရုတ်တရက်ကြီး ကျီးနွမ် သူ့မျက်လုံးထဲကို စိုက်မကြည့်ရဲဘူး။ ချောင်းကြည့်ပြီး ခေါင်းမြန်မြန်ညိတ်လိုက်ကာ ... " တကယ်ပေါ့! "

မော့ကျင်းရှန်းက မေးစေ့ကို ကိုင်ထားရင်း သူမကို ငုံ့နမ်းသည်။ ကြင်နာစွဲမက်စွာ နမ်းပြီးသည့်နောက် သူမရဲ့နှုတ်ခမ်းတွေကိုကိုက်ပြီး လျှာဖြင့် သပ်သည်။ " အိပ်မက်ထဲမှာ ကိုယ်က မင်းကို အဲ့လိုမျိုးရော နမ်းလား ? "

ကျီးနွမ် : "..."

သေချာပေါက် မနမ်းဘူး။

အိပ်မက်ထဲက ' သူ ' က သူမကို လုံးဝမထိ။

ခုတင်ပေါ်မှာ လှဲရင်း မျက်လုံးတွေကိုမှိတ်ပစ်လိုက်ကာ သူ့ကို ကျောခိုင်းလိုက်သည်။
" အနည်းဆုံးတော့ ' သူ ' က ရှင့်လောက် မချစ်တတ်ဘူး။ ကျွန်မ အိပ်တော့မယ်။ ရှင် မအိပ်ချင်သေးဘူးလား ? "

" အင်း ကိုယ် မင်းကို ဖက်ထားပေးမယ် "
သူက အနောက်ကနေ ဖက်သည်။

...

စီးပွားရေးပါတနာများအတွက် Shine Group ၏ ညစာစားပွဲကို လေးရက်ကြာပြီးနောက်တွင် ကျင်းပခဲ့သည်။ တရုတ်လပြက္ခဒိန်အရ နှစ်ကူး၏ငါးရက်မြောက်နေ့ဖြစ်သည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now