461↠465

7.9K 833 87
                                    


Unicode:

အခန်း  ( ၄၆၁ )

ရှောင်ပါးက စိတ်ထဲမှာ ကျိတ်ရယ်သည်။
အစိုးရက သိုးငယ်လေးကျီးနွမ်ကို ဝံပုလွေရိုင်းကြီး မော့ကျင်းရှန်းရဲ့ဂူထဲ အတင်းတွန်းပို့လိုက်တာ... ၊ 

စာချုပ်ကိုကြည့်ပြီး ဝုန်းဒိုင်းထမကြဲတာပဲ ကံကောင်း ..၊

“ ဘော့စ်.. ဘယ်လိုစီစဥ်မလဲဟင်... Shine Group နဲ့ ပူးပေါင်းဖို့ကို... ”

ကျီးနွမ်က အမိန့်စာကို စိတ်ပျက်ပျက်နဲ့ ယူကြည့်ပြီး ပြန်ချထားလိုက်သည်။ ထို့နောက် စားပွဲပေါ်မှာရှိသည့် အခြားဖိုင်တွဲအထပ်လိုက်ကိုဖွင့်ပြီး
“ ငါ့ရုံးချုပ်ကြီး အမိမြေပြန်ရောက်ဖို့ ငါ့မှာ အချိန်ကုန် လူပင်ပန်းထားရတာ.. အခု ထွက်ပြေးချင်ရင်တောင် မလွတ်မြောက်နိုင်တော့ဘူး။  ဒါက အစိုးရရဲ့ဆန္ဒမို့လို့  ငါ ငြင်းမရဘူး.. ဒီအမိန့်စာကလည်း ငါ့လက်ထဲတောင်ရောက်လာပြီ.. သဘောတူတာကလွဲလို့ ငါ ဘာလုပ်နိုင်မှာလဲ ”

“ ဟုတ်တယ်နော် ”
ကျီးနွမ် တည်ငြိမ်နေလျှင် ရှောင်ပါး သဘောကျသည်။  “ အဲဒါဆို ဘော့စ်မှာ အခု ဘာအစီအစဥ်တွေ ရှိလဲ ”

ကျီးနွမ် ဖောင်တိန်ကိုကိုင်ပြီး စာချုပ်စာတမ်းတွေမှာ လက်မှတ်ထိုးလိုက်သည်။ ဘာမှမပြောတော့..၊

တိုက်ခန်းမှာ မီးပျက်နေစဥ် မော့ကျင်းရှန်း သူမကို ချောင်ပိတ်ဖမ်းခဲ့တာက လဝက်နီးပါးရှိသွားပြီ။ ပြီးခဲ့တဲ့ လဝက်လုံးလုံး ကုမ္ပဏီကိစ္စနဲ့ အလုပ်များနေရတာကြောင့် သူ့သတင်းကို  လုံးဝမကြားမိ..၊ သူ့အကြောင်း မမေးမိတာလည်း ပါသည်။

အဲဒီနေ့က ဖြစ်ခဲ့တာကို ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ချင်လို့ ...၊

သို့သော်လည်း အခုက အဲ့ကိစ္စကိုခေါင်းထဲကထုတ်ပြီး Shine Group နဲ့ ပူးပေါင်းရမည်။ ထို့ပြင် ဒီပရောဂျက်က ကြီးကြီးမားမားမို့ ၁ နှစ် ၂ နှစ်အတွင်း ပြီးမည်မဟုတ်ပေ။  နှစ်ဖက်ကုမ္ပဏီက သူဌေးနှစ်ယောက်စလုံး အစည်းအဝေးတွေ မကြာမကြာ အတူတကွ တက်ရောက်ရမည်။ Shine Group က ဒီပရောဂျက်ကို မပယ်ချခဲ့လျှင် မော့ကျင်းရှန်းနဲ့ အများကြီး တွေ့ဆုံရနိုင်သည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now