232-233

10.2K 1K 26
                                    

အခန်း ( ၂၃၂ )

မော့ကျင်းရှန်းက အပြင်မှာရောက်နေပြီပဲ ... တံခါးကို ဘယ်သူသွားဖွင့်ဖွင့် ဘာထူးခြားမှာမလို့လဲ ?

အပြင်မှာ ဒီတိုင်း ထားထားလို့ ရမှာလည်း မဟုတ်ဘူး။

လူခေါ်ဘဲလ်သည် နောက်တစ်ကြိမ် မြည်လာပြန်၏။ မကျယ်မလောင်နှင့် နားဝင်ချိုစေမည့်အသံဖြစ်သည်။

သို့သော် သူမ နားထဲမှာတော့ တိတ်ဆိတ်နေသောပင်လယ်ပြင်ကို ဝင်ကျုံးမည့် ဆူနာမီလှိုင်းသံပမာ ဖြစ်နေသောကြောင့် အေးအေးဆေးဆေး ငြိမ်မနေနိုင်။

နန့်ဟန်က တံခါးကို သွားမဖွင့်ပါဘဲ နေရာမှာတင် ရပ်ကာ ကျီးနွမ်ကို ပြောင်ချော်ချော်ကြည့်နေသည်။

ဖုန်းလင်း၏ခြေထောက်ကို ကိုင်ထားသည့် ကျီးနွမ်မှာ အတော်ကြာသည်အထိ ထမရပ်နိုင်။

သူတို့နှစ်ယောက်ကို ကြည့်ရင်း ဖုန်းလင်းကပဲ ခြေထောက်တွေ အောက်ချလိုက်သည်။
" ငါသွားဖွင့်ရင်ရော "

နန့်ဟန်က ချက်ချင်း ခက်ထန်စွာ ကြည့်လာ၏။
" သူများကိစ္စ ဝင်မရှုပ်နဲ့ "

ဖုန်းလင်းမှာ ရွံ့တွံ့တွံ့ဖြစ်သွားရ၏။ နန့်ဟန် သူမကို ဒီလိုလေသံမာမာနှင့် မအော်သည်မှာ အတော်ကြာပြီ။ ဆိုဖာမှာ ပြန်ထိုင်ချလိုက်ပြီး ဖုန်းလင်းက ကျီးနွမ်ကို ကြည့်သည်။ " မစ္စတာမော့က နင့်ဆီကို လာတာ တံခါးသွားဖွင့်လိုက်လေ ... ငါ့ခြေထောက်က ဒဏ်ရာက ပါးပါးလေးရယ်မို့ ငါ့ဘာသာ လုပ်လို့ဖြစ်တယ် "

လူခေါ်ဘဲလ်သံ နောက်တစ်ကြိမ် မြည်မလာသော်လည်း မော့ကျင်းရှန်းထွက်သွားသည်လို့တော့ ကျီးနွမ် မထင် ။ လက်ထဲက ပိုးသတ်ဆေးဘူးကို အောက်ချလိုက်ပြီး လက်ကိုသုတ်သည်။ ထို့နောက် မတ်တပ်ထရပ်ကာ တံခါဆီ လျှောက် သွားလိုက်သည်။

တံခါးလက်ကိုင်ဖုကို ကိုင်ထားသော ကျီးနွမ့်လက်တို့ တင်းရင်းနေသည်။ လက်ကိုင်ဖုကို လှည့်ဖွင့်လိုက်သည့်အခါ အပြင်မှာ အကြာကြီး ရပ်စောင့်နေရသော လူ၏ ရုပ်ပုံသည် ဘွားခနဲ ။ သူသည် သိုသိုသိပ်သိပ်နှင့် သန့်သန့်ရှင်းရှင်း အဖြူရောင် ရှပ်တစ်ထည်ဝတ်ဆင်ထားသည်။ ထို့အတွက် နဂိုကတည်းက ဆိတ်ငြိမ်သော သူမှာ ဖော်ရွေနွေးထွေးလာသယောင်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now