661-665

10.4K 975 63
                                    

Unicode:

အခန်း ( ၆၆၁ )

" မင်းရဲ့တစ်ခုတည်းသော အမှား ဟုတ်လား .. မင်းပြောလိုက်တာကို ပြန်ဆင်ခြင်ကြည့်စမ်း .. နောက်ဆုံးတော့လည်း အပြစ်တင်စရာရှာလိုက်တာပဲ .. မင်း အခုထိ စိတ်ကြီးဝင်နေတုန်းပါလား " ကျီဟုန်းဝမ်က အေးစက်စွာ ရယ်သွမ်းလိုက်သည်။ " ထင်တဲ့အတိုင်း အသက်သာကြီးသွားတယ်.. မင်းမျက်နှာမပျက်ရဖို့က မင်းအတွက် အရေးကြီးနေတုန်းပဲ.. ကလေးရှေ့မှာတောင် အဲ့မျက်နှာကြီးကိုခွာချပြီး မင်းလုပ်ခဲ့တဲ့အမှားတွေကို ဝန်မခံချင်ဘူး..ချင်းလင်ရဲ့ဘဝက မင်းကြောင့် ပျက်စီးသွားခဲ့ပြီ..သူထွက်သွားတာလည်း နှစ်တွေကြာခဲ့ပြီ.. မင်း အပြစ်ရှိတယ်လို့ မခံစားရဘူးလား.. ကိုယ်ဝန်ကြီးနဲ့ မင်းကို ထားသွားလို့ သူမှားတယ်လို့ မင်းက ထင်နေတာလား "

ရှောင်းကျန်ကျွင်း သူ့မျက်လုံးတွေကို မှိတ်လိုက်သည်။ အတန်ငယ်ကြာအောင် ငြိမ်သက်နေပြီးမှ " သူထွက်သွားတာ အတော်ကြာပြီ.. ငါ့အမှားဆိုရင်တောင်မှ အခုချိန်မှာ ငါ့သမီးနဲ့ပတ်သက်ပြီး အမှားပြင်ချင်တာတစ်ခုပဲရှိတယ်..အစကနေ အဆုံးထိ ချင်းလင်က ငါ့လုပ်ရပ်တွေအတွက် ငါ့ကို မုန်းသွားခဲ့တာ..အခုကစလို့ နောင်နှစ်တစ်ရာအကြာ စမ်းဝါ [ အပလောက ] မှာ ငါတို့နှစ်ယောက် ပြန်ဆုံတဲ့အခါ ငါ့အပြစ်တွေကို ချင်းလင်ဆီမှာ ဝန်ချတောင်းပန်သွားမှာပါ.. ဒါပေမယ့် မင်း ကျီဟုန်းဝမ်ကတော့ ငါ့သမီးကို ငါ့ဆီကနေ နှစ်တွေအကြာကြီး ဝှက်ထားပိုင်ခွင့်မရှိဘူး! စဥ်းစားကြည့်လိုက်ရင် မင်းမွေးထားတဲ့သမီးက ငါ့သမီးကို မကောင်းကြံနိုင်ခြေ အများကြီး ရှိတယ်! "

ကော်ဖောပေါ်တွင်လဲကျနေသည့် ကျီးမုံ့ရန်သည် မတွေးတတ်နိုင်အောင် ဖြစ်နေချေပြီ။ ရုတ်တရက် သူမအကြောင်းပါလာတော့ တောင့်တင်းသွားပြီး ကျီဟုန်းဝမ်ကို နီစွေးသောမျက်လုံးအစုံဖြင့် လှည့်ကြည့်လိုက်သည်။ " အဖေ သမီးမလုပ်.. "

ကျီဟုန်းဝမ် မျက်လုံးမှိတ်လိုက်သည်။
" ဒီကိစ္စမှာ ငါ့သမီးကို ပြုစုပျိုးထောင်ခဲ့တာ ညံ့သွားတယ်ဆိုတာ ဝန်ခံပါတယ်.. ဒီလိုယုတ်ညံ့တဲ့ကိစ္စတွေမှာ မုံ့ရန်ပါဝင်နေတာက ငါ့အမှား.. "

② Young Master Mo, Are You Done Kissing?Where stories live. Discover now