330-331

6.8K 999 13
                                    

အခန်း ( ၃၃၀ )

ဤစဉ်းလဲသော ကစားပွဲကို စုကျီးလန်က သူမနှင့်အတူ အတော်ကြာအောင် ကစားလိမ့်မည် ထင်သည်။ စုကျီးလန်ရဲ့ကြောင်တောင်တောင်အပြုအမူများ နှင့် ပြတ်ပြတ်သားသားမဆုံးဖြတ်နိုင်မှုတို့ကို ကျီးနွမ် စိတ်ကုန်နေပြီ။

အလိုလိုက်ခံထားရသည့်လူတိုင်းမှာ တူညီတာတစ်ခုတော့ရှိသည်။ သူတို့ စိတ်မရှည်ကြဘူး။

" ကျွန်မက ခြွင်းချက်ဖြစ်မဖြစ် စုမမလေးမှာ ဝေဖန်ပိုင်ခွင့်ရော ရှိရဲ့လား " ကျီးနွမ်ပြုံးလိုက်သော်လည်း မျက်လုံးတွေကတော့ အေးစက်နေသည်။ " အဲ့နေ့က ရှင်ပြတဲ့လက်စွပ်ကို အင်တာနက်ပေါ်မှာ ကျွန်မရှာကြည့်ခဲ့တယ်။ U.S. က နာမည်ကြီးလက်ဝတ်ဒီဇိုင်နာတစ်ယောက်ရဲ့လက်ရာဖြစ်တာကြောင့် တန်ဖိုးက မသေးဘူးဆိုပေမယ့် ကျွန်မကြားမိတာတော့ ရှင့်မိသားစုက လှူဒါန်းပွဲတစ်ခုမှာ လက်စွပ်ကို လေလံဆွဲခဲ့တယ်။ နောက်တော့ လက်စွပ်မှာ ရှင် နဲ့ မော့ကျင်းရှန်းကို ရည်ညွှန်းတဲ့ S နဲ့ M ဆိုတဲ့စာလုံးကို ထွင်းထုစေခဲ့တယ်တဲ့။ ဒါပေမယ့် တကယ့်စေ့စပ်လက်စွပ်အစစ်တော့ ဖြစ်ပုံမရဘူး "

ကျီးနွမ် ခေါင်းလေးကို အနည်းငယ်စောင်းကြည့်လိုက်ရင်း..." မိန်းမသားတစ်ယောက်အနေနဲ့ ကိုယ့်ခင်ပွန်းကို သည်းလွန်းနေတဲ့ အခြားမိန်းမသားတစ်ယောက်ကို မြင်ရတာ ဝမ်းသာမိပါတယ်။ M ဆိုတဲ့စာလုံးတစ်လုံး ထွင်းထုထားတာကြောင့် လက်စွပ်ကိုတောင် နှစ်တွေကြာတဲ့အထိ အမြတ်တနိုးသိမ်းထားတယ်ဆိုတော့ ကျွန်မရဲ့ခင်ပွန်းက အရင်ကရော အခုထိရော ဘယ်လောက်နှစ်လိုဖွယ် ကောင်းသလဲဆိုတာ ပေါ်လွင်နေပါပြီ "

ခဏရပ်ပြီးမှ ... " ဒါပေမယ့် ကျွန်မတို့က အခုအိမ်ထောင်ရက်သားကျသွားပြီ။ စုကျီးလန် ... ရှင် နဲ့ ကျွန်မခင်ပွန်းရဲ့ကြားမှာ ဘာတွေပဲဖြစ်ခဲ့ပါစေ အကုန်လုံးက အတိတ်မှာကျန်ခဲ့ပြီပဲ။ ဘယ်တော့မှ လှမ်းလို့မမှီတော့မယ့် အရိပ်တစ်ခုကို ဘာလို့ ဖမ်းဆုပ်ဖို့ကြိုးစားနေဦးမှာလဲ "

စုကျီးလန်ရဲ့မျက်နှာ ချက်ချင်းပင် မည်းကြုတ်သွားသည်။ လက်စွပ်ဆိုတာဟာ သူမက ထုတ်ပြဖို့ကြိုးစားနေခဲ့သည့် နှလုံးသားထဲက ဆူးတစ်ခက်ဖြစ်သည့်တိုင် ရုတ်တရက်ကြီး သူမရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့်အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now