324-325

6.9K 942 10
                                    

အခန်း ( ၃၂၄ )

စေ့စပ်လက်စွပ်ပေးချင်တယ်လို့ ပြောလိုက်တာလား ?

သဘာဝအားဖြင့် စုကျီးလန် နှင့် ကျီးနွမ် ကဲ့သို့ ချမ်းသာကြွယ်ဝသည့် မိသားစုများမှ မိန်းကလေးတွေဟာ ဤလက်စွပ်ကဲ့သို့ ကြီးကျယ်ခမ်းနားသည့်ပစ္စည်းမျိုးကို စိတ်မဝင်စားချေ။ အခုလည်း စုကျီးလန်မှာ စေတနာပါ၍မဟုတ်။

စုမိန်းကလေးက သူမရှေ့မှာ တမင်သက်သက်ကို ယုန်သူငယ်ယောင်ဆောင်ပြနေတာလား ? တကယ်ပဲ တုံးအလွန်းတာလား ?

သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာလား ...

အေးချမ်းနေတဲ့ သူမစိတ်လေး ပျက်စီးသွားတာကိုတော့ ကျီးနွမ် ဝန်ခံရမည်။

လက်ထပ်လက်စွပ်ကတော့ သူမအမှား ။

မော့ကျင်းရှန်းနှင့် လက်ထပ်စဉ်က လက်ထပ်ပွဲမှာတောင် လက်ထပ်လက်စွပ်ကို သူမ မဝတ်ချင်ခဲ့ဘူး။ ဒါ့ကြောင့် မဝတ်ရဖို့ ဆင်ခြေများစွာပေးပြီး ကြိုးစားခဲ့သည်။ သို့သော် မော့ကျင်းရှန်းကတော့ လက်စွပ်ကို ဝတ်ဆင်ထားဆဲဖြစ်ကာ။

တစ်ညမှာတော့ သူမအိပ်ခန်းထဲက အံဆွဲထဲမှာ လက်စွပ်ကို ထည့်ထားခဲ့သည်။ လွန်ခဲ့တဲ့လအနည်းငယ်လောက်က ယွီဥယျာဉ်ကိုသွားပြီး လက်စွပ်ကို ပြန်ရှာခဲ့သော်လည်း ရှာလို့မတွေ့။ ကျီးမုံ့ရန် ယွီဥယျာဉ်မှာလာနေစဉ်က သူမရဲ့ လက်ထပ်လက်စွပ်ကို ယူသွားခဲ့ပုံရသည်။

လက်စွပ်ကို ကျီးနွမ် နှင့် မော့ကျင်းရှန်း ကိုယ်တိုင် ရွေးချယ်ခဲ့တာ မဟုတ်ဘဲ ဖိုးဖိုးမော့က နိုင်ငံခြားကနေ မှာယူခဲ့တာဖြစ်သည်။ အဲ့တစ်ခုက ဒီတစ်ခုထက်တောင် ပိုပြီးတော့ တန်ဖိုးကြီးသည်။ ပိုပြီးတော့ တောက်ပလွန်းသည်။ စိန်ပွင့်ကြီးကြီးတွေကို ကျီးနွမ်မကြိုက်သလို တသီးတခြား၊သိုသိုသိပ်သိပ်နေတတ်သည့် မော့ကျင်းရှန်းဟာလည်း မကြိုက်။ ထို့ကြောင့် လက်စွပ်နှင့်ပတ်သက်ပြီး ထပ်မရှာခဲ့ခြင်းဖြစ်ကာ ...

စုကျီးလန်အတွက် ဒီကိစ္စဟာ သူမကို ထိုးနှက်ဖို့ဖြစ်လာသည်။

ကျီးနွမ် အတန်ငယ်ကြာသည်အထိ နှုတ်ဆိတ်နေမိသည်။ ကိတ်မုန့်ဝယ်ပြီးသည့်နောက် ဖုန်းလင်းသည်လည်း ဒီကအခြေအနေကို မြင်တွေ့ပြီးပြီ။ စုကျီးလန်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပြေးသွားဖို့ လုပ်လိုက်မိသော်လည်း နှစ်ယောက်စလုံးက စားပွဲမှာထိုင်ပြီး အေးအေးဆေးဆေး စကားပြောနေကြလေသည်။ တခဏမျှ စဉ်းစားလိုက်ပြီးနောက် မနှောင့်ယှက်တာကောင်းမည်ထင်၍ ဘေးကနေပဲ စောင့်နေခဲ့သည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now