405ー406

6.7K 893 110
                                    

(Unicode)

《၄၀၅》ပြီးပြီးရောလေသံ ပြီးပြီးရောစွပ်ပြုတ်

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်တွင် သူက ရုတ်တရက် အနားရောက်လာသည်။ သေးသွယ်သန်မာသောလက်ချောင်းကလေးတွေဖြင့် သူမမေးစေ့ကို ဆွဲဖျစ်လျက် သူမကို သူနှင့် မျက်နှာချင်းဆိုင်စေသည်။ မျက်လုံးအစုံသည် အေးစက်ခက်ထန်နေကာ သူက လေးနက်စွာ ထပ်ပြောလေ၏။
" ထပ်ပြောမယ် ဒီနေရာမှာ စိတ်ဆိုးစိတ်ကောက်မလုပ်နဲ့ "

ကျိနွမ် ဒေါသဖြင့် သူ့လက်ကို ပုတ်ချလိုက်ကာ အေးစက်စက်နိုင်စွာ ပြုံးမိသည်။
" ရှင်က ကျွန်မကို စိတ်ဆိုးစိတ်ကောက်လုပ်နေတယ်လို့ ထင်နေတာလားဟင်။ မော့ကျင်းရှန်း ကျွန်မကလေ ကိုယ့်မှာရှိတဲ့အဆူးတွေအားလုံးကိုရှင်းထုတ်ပြီး ရှင့်ကို နေ့တိုင်း နူးညံ့မှုတွေနဲ့ပဲ ဆက်ဆံခဲ့တာပါ။ ရှင့်အပေါ်မှာ စိတ်ဆိုးစိတ်ကောက်နဲ့ ကျွန်မ ဝုန်းဒိုင်းကြဲခဲ့ဖူးသလား "

သူက သူမမျက်ဝန်းတွေထဲကို စိုက်ကြည့်ပြီး ပြတ်သားစွာ ​ဆိုလာ၏။
" ကိုယ့်ဗီဇကိုယ် ချုပ်တည်းထားစရာမလိုပါဘူး။ မင်းပုံစံအတိုင်းပဲနေစမ်းပါ။ မင်းတတ်နိုင်တာတွေကိုပဲပြ။ ကိုယ့်ဘာသာကိုယ် အကြာကြီး ဟန်ဆောင်မျက်နှာဖုံးတပ်ထားခဲ့လို့ ခု မပြင်နိုင်တော့တဲ့ကိစ္စမှာ ငါ့ကို အပြစ်တင်လို့ရမလား "

သူ့ကိုစိုက်ကြည့်နေသည့် ကျိနွမ်မျက်ဝန်းတွေ တဖြည်းဖြည်းနှင့် ကျဥ်းမြောင်းလာရကာ..
" ရှင်က ကျွန်မကို ဟိုးအရင်က ကျိနွမ် ဖြစ်လာစေချင်တာလား "

မော့ကျင်းရှန်းက နှုတ်ခမ်းတွေကို ကွေးညွတ်ကာ သရော်ပြုံးပြုံးသည်။
" ကိုယ့်ကိုယ်ကိုယ် ဘာနဲ့တူသလဲ မသိဘူးလား "

ကျိနွမ် နှုတ်ခမ်းတို့ ပွင့်ဟသွားသော်လည်း ခေတ္တတုံ့ဆိုင်းသွားရကာ..
" ကောင်းပြီလေ "

မေးစေ့ပေါ်ကသူ့လက်ကို ဖယ်ရှားဖို့ကြိုးစားလိုက်ပေမယ့် မစွမ်းသာ။

မော့ကျင်းရှန်းက သူမမေးစေ့ကို ခပ်တင်းတင်း ဆွဲညှစ်ထားသည်။
" မင်း ဒီမှာ ဆင်းလို့မရဘူး။ ငါ နောက်နေတာ မဟုတ်ဘူးနော်။ Drama Queen မလုပ်ချင်နဲ့ "

② Young Master Mo, Are You Done Kissing?Where stories live. Discover now