576-580

8.4K 784 62
                                    

Unicode:

အခန်း ( ၅၇၆ )

ကျီးနွမ် : " သူ့ဘာသာ ဘယ်သူဖြစ်ဖြစ် ရှင် ကျွန်မကို လာရှင်းပြနေစရာ မလိုဘူး "

သူက သူမကို ဘေးတိုက်ကြည့်လိုက်ပြီး
" ကြည့် သဝန်တိုနေတာကိုများ ဖုံးမနေနဲ့! "

ကျီးနွမ်လည်း သူ့ကို ဘေးတိုက်ကြည့်လိုက်သည်။ " အဲ့လိုရုပ်ပေါက်နေလို့လား "

" တကယ် "

"..."

ကျီးနွမ် လူအုပ်ထဲကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ " ဟိုမယ် ရှင့်ရဲ့ရုံယန်းက အဲ့မှာ ၊ ဘာလို့ စကားတစ်ခွန်းနှစ်ခွန်းပြောပြီး ကောင်မလေးကို ပစ်ထားတာလဲ။ သူက ရှင့်မျက်နှာတစ်ရွာထင်ပြီး လိုက်လာတာကို "

ခဏနားပြီးမှ ဆက်ပြောလိုက်၏။
" အဲ ရှင့်ကို ကြည့်နေတယ် "

မော့ကျင်းရှန်းက သူမကို ထပ်ကြည့်သည်။ ပြီးမှ လူအုပ်ထဲမှာ ဒီဘက်ကို ငေးကြည့်နေသည့် ရုံယန်းကို လှည့်ကြည့်လိုက်ပြီး " ကိုယ်နဲ့ မင်းနဲ့ ဘယ်လို ပတ်သက်လဲ စူးစမ်းနေတာလေ "

ကျီးနွမ် မျက်ခုံးပင့်လိုက်၏။
" ရှင် သူ့ကို ဘာပြောလိုက်လို့လဲ "

" အိမ်ထောင်ရှိတယ်လို့ ပြောလိုက်တာ "

ကျီးနွမ် : "..."

လက်ထဲက ဖန်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး အေးစက်စွာဖြင့် ပြောလိုက််မိ၏။ " ကျွန်မတို့က ကွာရှင်းပြီးသားနော်၊ ရှင်က တရားဝင်လူလွတ်ပဲ။ ကျွန်မကို ရှင့်ဒိုင်းကာ မှတ်နေလား၊ ရှင် ဘာတွေကြံဦးမလို့လဲ "

" ကိုယ့်မှာ အိမ်ထောင်ရှိတယ်လို့ မပြောရင် သူက မျှော်လင့်ချက်တွေနဲ့ ကိုယ့်ကို လိုက်ရှုပ်နေဦးမှာလေ၊ ပြီးတော့ မင်းကိုလည်း ရုံမိသားစုက ပစ်မှတ်ထားလိမ့်မယ် .. အဲ့လို ဖြစ်စေချင်တာလား "

ကျီးနွမ် သရော်လိုက်သည်။
" အဲ့တော့ ရှင်ဒီလိုလုပ်လိုက်တဲ့အတွက် ကျွန်မက ကျေးဇူးထိုင်တင်ရမယ်ပေါ့။ ရုံမိသားစုက သူ့ဟာနဲ့သူ အသိရှိပါတယ်။ ရုံချန်းက သြဇာမာလကာသိပ်များချင်တာမှန်ပေမယ့် ရုံမိသားစုကတော့ သူတို့ပုံရိပ်ကို တန်ဖိုးထားမှာပဲ။ ယုတ်ညံ့တာမျိုးတွေ မလုပ်လောက်ပါဘူး "

② Young Master Mo, Are You Done Kissing?Where stories live. Discover now