256-257

9.1K 1K 16
                                    

အခန်း ( ၂၅၆ )

" ကျွန်မဘက်ကခုခံမှုကြောင့် တကယ်ဘာမှမဖြစ်ခဲ့ပေမယ့် ရှန်းရီဟန်က သူနိုးလာတဲ့အခါ ကျွန်မရဲ့ လူနာခန်းအပြင်မှာ မတ်တပ်ရပ်နေခဲ့တယ်။ ကျွန်မ သတိလစ်နေတဲ့အချိန် သုံးရက်လုံးလုံး သူက ဘာမှမစားမသောက်ဘဲ မတ်တပ်ရပ်နေခဲ့တာ ... ကျွန်မအပေါ် သူပေးခဲ့တဲ့ စိတ်ဒဏ်ရာက ဖျက်ပစ်လို့ မရဘူးလေ။ အဲ့အချိန်က သူမူးနေခဲ့တော့ရော ဘာဖြစ်လဲ ? ဒါ အကြောင်းပြချက်မှမဟုတ်ဘဲ။ အဖေက ဒေါသတွေအရမ်းထွက်နေပြီ။ ရှန်းရီဟန်က ရှန်းမိသားစုရဲ့တရားဝင်သားတစ်ယောက် မဟုတ်တာတောင် သူ့သားအဖြစ် အသိအမှတ်ပြုပေးခဲ့တာကိုး။ ဒီလိုတြွေဖစ်သွားတော့ ကျီအိမ်မှာ ရှန်းရီဟန်အတွက် နေရာမရှိတော့ဘူး။ ရှန်ဟဲယူတောင်မှ သူ့ကို စွန့်ပစ်ဖို့ပဲ ရွေးချယ်ခဲ့တာ "

" ဆေးရုံ နှစ်လလောက်တက်ပြီးတော့ ကျွန်မ အိမ်ပြန်လာခဲ့တယ်။ အဖေက ကျွန်မရှေ့မှာတင်ပဲ ရှန်းရီဟန်ကို ကျီအိမ်ထဲက မောင်းထုတ်ခဲ့တယ် ကျွန်မအတွက် တရားမျှတမှုရှိစေဖို့ ။ ကျီးမုံ့ရန်ကတော့ ငိုကြီးချက်မနဲ့ဝင်ပြောပါတယ် အစ်ကိုရှန်းက မူးနေတာမို့လို့ ကျွန်မကိုအပြစ်လုပ်မိစေဖို့ တကယ်ရည်ရွယ်တာမဟုတ်ပါဘူးတဲ့။ ဒါပေမယ့် မုံ့ရန်က ကြားဝင်ဖျန်ဖြေပေးတာတောင် အဖေက အရမ်းတွေ ဒေါသထွက်ပြီး ဝုန်းဒိုင်းကြဲပစ်တာ။ ရှန်းဟဲယူကိုလည်း သူ့သားနဲ့ဆက်သွယ်ဖို့လုပ်ရင် အိမ်ပေါ်က နှင်ချမယ်ဆိုပြီး သတိပေးခဲ့သေးတာ "

" ဒီအရိပ်မည်းကြီး ကျွန်မကို လွှမ်းမိုးသွားမှာ စိုးတာကြောင့် အဖေက ကျီအိမ်ထဲမှာ ရှန်းရီဟန်ရဲ့နာမည်ကို ထုတ်ပြောခွင့်မပေးဘူး။ အဲ့အချိန်ကစပြီး သူ့နာမည်က ကျွန်မတို့အိမ်မှာ တားမြစ်ချက်တစ်ခုလို ဖြစ်လာခဲ့တယ်။ နောက်တော့ ပညာတော်သင်ဖို့ ကျွန်မ အမေရိက ကိုထွက်ရတာပဲ။ အကျယ်တဝံ့ သိမြင်လာတာနဲ့အမျှ ဒီကိစ္စကြီးကို ကျွန်မ တွေးမနေတော့ဘူး။ အဲ့ဒီညကသာ အဲ့လိုမဖြစ်ခဲ့ဘူးဆိုရင် အအေးဒဏ်လည်း ကျွန်မ မမှုပါဘူး။ အဲ့ဒီညမတိုင်ခင်က ကျွန်မဆိုတာ အရမ်းကို ကျန်းမာခဲ့တာ! "

' အရမ်းကိုကျန်းမာခဲ့တာ ' ဆိုပြီး မော့ကျင်းရှန်းကို ပြောပြနေသည့် ကျီးနွမ်ဟာ အနည်းငယ် မကျေမနပ်ဖြစ်နေဟန်ရှိသည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now