536-540

7.9K 787 19
                                    

Unicode:

အခန်း ( ၅၃၆ )

ညပိုင်းတွင် ကျီးနွမ် ယွဲ့ဟူဘေးသို့ ပြန်သွားခဲ့သည်။ ခုတင်ကျယ်ကြီးတွင် တစ်ယောက်တည်းအိပ်ရင်း အမှောင်ထဲ၌ မျက်လုံးမှိတ်ထားသည့်တိုင် ဟိုလှည့်ဒီလှည့် နှင့် အိပ်လို့မပျော်။

တစ်ယောက်တည်းနေတတ်အောင် ကျင့်သားရဖို့ သူမအတွက် အချိန် သုံးနှစ် ယူခဲ့ရသည်။

ဒါပေမယ့် မော့ကျင်းရှန်းအတွက်တော့ သူမ၏ထိုအကျင့်ကို ချိုးဖျက်ဖို့ရာ သုံးရက်သာ ကြာခဲ့၏။

ခုတင်ဘေး ကြမ်းပြင်တွင် နှစ်ညတိုင်အောင် သူ လာအိပ်သွားခဲ့သည်။ သို့သော် ဘာ့ကြောင့်မှန်းမသိ ယခု တစ်ခုခုလိုအပ်နေသလို ကျီးနွမ် ခံစားမိနေခြင်းမှာ...

စိတ်ထဲတွင် ပရမ်းပတာအတွေးများ စိုးမိုးနေပြီး နောက်ဆုံးမှာ ကျီးနွမ် အိပ်မောကျသွားခဲ့သည်။

--

နောက်တစ်နေ့ မနက်နိုးလာသည့်အခါ မသက်မသာမှုများနှင့်..၊ မနေ့ညက အိပ်ပျော်ခဲ့သော်လည်း ကောင်းကောင်း မအိပ်စက်ခဲ့ရ။ အိပ်ရာမှ ထထိုင်လိုက်သည့်အခါ ပခုံး နှင့် လည်ပင်း ဆီက နာကျင်မှုကို ခံစားမိသည်။ ခန္ဓာကိုယ်အရွှေ့အပြောင်းမရှိဘဲ တစ်နေရာတည်းမှာ ပုံသေ အိပ်ပစ်လိုက်သည့်အတွက် အညောင်းမိသွားတာ ဖြစ်တန်ရာသည်။

နံနက်ခင်း လေ့ကျင့်ခန်းလုပ်ရအောင် ကျီးနွမ် အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

အောက်ထပ်တွင် လေ့ကျင့်ခန်းလုပ်နေကြသော အိမ်နီးချင်းများက သူမကိုမြင်သည့်အခါ နှုတ်ဆက်လာကြပြီး ဒီရက်ပိုင်းဘယ်ပျောက်နေသလဲ ဟု မေးလာကြသည်။

ကျီးနွမ်က ထိုသူတို့ကို ပြုံးပြလိုက်ပြီး တစ်လောက အပြင်မှာ နေဖြစ်ကြောင်း ပြောလိုက်သည်။

ပြေးလမ်းနှစ်ပတ်လောက် ပြေးပြီးသည့်အခါ တိုက်ခန်းသို့ ပြန်သွားလိုက်သည်။ တိုက်ခန်းအဆောက်အအုံ အောက်၌ ၇ ထပ်တွင်နေထိုင်သော အန်တီက လူတစ်ယောက်နှင့် စကားပြောနေသည်။ ကျီးနွမ်လည်း ထိုအန်တီကို နှုတ်ဆက်စကားပြောပြီး အလုပ်သွားရန် ရေချိုးဖို့ အပေါ်ထပ်သို့ တက်မည် ပြုလိုက်သည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now