293-294-295

7.1K 867 13
                                    

အခန်း ( ၂၉၃ )

ညနေပိုင်း၌ ကျီးနွမ် မော့ကျင်းရှန်းကို စားစရာသွားပို့ရပြန်သည်။

ယခုတစ်ကြိမ်တွင်တော့ လက်အပူလောင်သည်ကိုအကြောင်းပြပြီး ကျီးနွမ် ရှောင်တိမ်းလို့မရတော့ပေ။ သူမအနောက်ကို မနက်မှညအထိ လိုက်ဖို့ရန် Aqib က Dali ကိုပြောထားလေသည်။ ထို့ကြောင့် ကျီးနွမ်လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ Dali ၏ အကျင့်များကို သေချာစွာ စောင့်ကြည့်ရန်ဖြစ်သည်။

Dali ဟာ နေ့လည်စာစားချိန်နှင့် ညစာစားချိန်များတွင် နေ့တိုင်းအရက်သောက်တတ်သည်။ သို့သော် အလွန်အကျူးသောက်ခြင်းမဟုတ်၍ တစ်ရေးလည်းမအိပ်သလို မူးရူးပြီးသတိလစ်သွားခြင်းလည်း မရှိသောကြောင့် သူမအတွက် လွတ်လမ်းဆိုတာမရှိပေ။ Aqib တစ်ယောက် သူ့ကိုယုံကြည်သည်မှာ အံ့သြစရာမရှိချေ။ Dali မှာ သတိကြီးပြီး အမိန့်နာခံသောလူတစ်ယောက်ဖြစ်နေသည်။

ကျီးနွမ်လက်က ပတ်တီးကို အဘွားက ပြင်စည်းပေးသော်လည်း သေသေသပ်သပ်မရှိပေ။ လက်ခုံရှိအပူလောင်နာသည် ဆေးဖက်ဝင်ပြာ၏အရောင်နှင့်ရောပြီး ကြည့်ရဆိုးလွန်းနေ၏။ အဖြူရောင်ပိတ်စဖြင့် စည်းနှောင်ထားသောကြောင့် ကံကောင်းသည် ဆိုရမည်။ မဟုတ်လျှင် သူမပင် ကြည့်ရဲမည်မဟုတ်။

မော့ကျင်းရှန်း၏ သစ်လုံးအိမ်ကို ရောက်သည်နှင့်တစ်ပြိုင်နက် တစ်နေ့လုံး နံရံကိုမှီထိုင်နေခဲ့သည့် လူဟာ ပြတင်းပေါက်ရှေ့မှာမတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူမ တံခါးကိုဖြတ်ဝင်လာသည့်အခါ ပြတင်းဘောင်ကို ကျောမှီရပ်နေသူက သူမကို အေးတိအေးစက်ကြည့်လာသည်။

မတ်တပ်ထရပ်နိုင်ပြီဆိုတော့ မနက်တုန်းက သူမ အတင်းအကျပ်တိုက်ခဲ့သောရေက အလုပ်ဖြစ်သွားသည်ထင်။ အနည်းဆုံးတော့ သူ့မှာ ရေဓာတ်မခမ်းခြောက်သွားဘူး။

Dali နှင့် သူ့လူတွေက အပြင်မှာရပ်ကျန်ခဲ့ပြီး သူမတို့ကို စောင့်ကြည့်နေသည်။

စကားတစ်ခွန်းမျှမဆိုဘဲ ကျီးနွမ်က ဗန်းဆန်ကောကို အထဲသယ်သွားပြီး အထဲက ပန်းကန်နှစ်လုံးကို ထုတ်ကာ အစာစားဖို့ မော့ကျင်းရှန်းကို မျက်လုံးဖြင့် စကားပြောလိုက်သည်။

② Young Master Mo, Are You Done Kissing?Where stories live. Discover now