( Unicode )
ထို့နောက် နှိုင်းသုတလေးဆီက ထမင်းဗူးနဲ့ မုန့်တွေလုသွားတဲ့ကောင်လေး လေးယောက်ဟာ ရယ်မောပျော်ရွယ်စွာနဲ့ ကျောင်းသားတွေထမင်းစားခန်းမှာစားသောက်နေကြသည်။
ဇိုင်းသုတ က နှိုင်းသုတလေးကိုလက်ဆွဲခေါ်လာတဲ့အချိန်မှာ နှိုင်းသုတလေးက အဲ့ကောင်တွေကို သေချာလိုက်ရှာနေတော့သည် ။
" ညီလေး ဘယ်ကောင်တွေလဲ တွေ့တာနဲ့ ကိုကို့ ကိုလက်ညှိုးထိုးပြ "
" အွင်း "
ထိုသို့ ပြောတော့ နှိုင်းသုတလေးက ခေါင်းညှိမ့်သည်။
* မလောက်လေးမလောက်စာမှင်စာလေးတွေကများ ငါ့ညီလေးကိုအနိုင်ကျင့်ပြီး မုန့်လုစားရဲတယ် ငါနဲ့တွေ့မယ်!! *
" ကိုကို....ကိုကို ဟိုးမှာထိုင်နေတယ် လေးယောက် "
ဇိုင်းသုတ လှမ်းကြည့်လိုက်တော့ တကယ်ပင် နှိုင်းသုတလေးထမင်းဗူးနဲ့မုန့်တွေကိုစားပြီး လှောင်ပြောင်နေတဲ့ကောင်တွေ ။ အကြည့်နဲ့သာ လူသတ်နိုင်ရင် ဇိုင်းသုတရဲ့ အကြည့်တွေနဲ့တင် ထိုကောင်လေးတွေကျောကုန်းပေါက်ကွဲလောက်သည်။
ဇိုင်းသုတ ထိုနေရာကိုချက်ချင်းသွားရပ်လိုက်တော့ ထိုလေးယောက်ကမော့ကြည့်လာသည်။
" စားလို့မှ ကောင်းရဲ့လား "
" ??? "
ထိုသို့ပြောပြီးပြီးချင်းပဲ ဇိုင်းသုတက ထိုလေးယောက်ထိုင်စားနေတဲ့ စားပွဲခုံကိုမှောက်ချပြစ်လိုက်သည်။ တခြားအတန်းတွေကကျောင်းသားကျောင်းသူတွေရဲ့အံသြနေတဲ့ အာမေဋိတ်အသံတွေထွက်လာတော့သည် ။ နှိုင်းသုတလေးကတော့ သူ့အကိုလုပ်ရပ်ကိုကြည့်ပြီး လက်ခုတ်လက်ဝါးတီးပြီး ထ ခုန်ကာ ။
" ဝါးးး မိုက်တယ် ကိုကို ။ ရိုက်ပြစ် အဲ့ကောင်တွေကိုနာနာရိုက်ပြစ်လိုက် ကိုကို! "
သူ့အကိုကြီးကိုလက်ခုတ်လက်ဝါးတီးပြီး အားပေးနေတဲ့ နှိုင်းသုတလေးကိုကြည့်ပြီး ကျောင်းသူကျောင်းသားတွေက တစ်ခါအံအားသင့်နေပြန်သည် ။ ဘယ်လိုတောင်လိုက်ဖက်ညီနေတဲ့ ညီအကိုတွေလဲ ။
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။