❤ ကိုကိုရဲ့ကလေးငယ် ၅၆ ❤END

150K 7.6K 371
                                    

Unicode...
>>>>>>>>>

.
.

မြတ်မင်းနဲ့ Project ကိုလက်တွဲလုပ်ပြီးထဲက ဇိုင်း အလုပ်ပိုတိုးလာခဲ့သည် ဒါပေမယ့် ဇိုင်း ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ သုသုလေးကိုတော့ ဂရုစိုက်ပျက်ပြီး ဝတ္တရားပျက်ကွက်ခဲ့တယ်ဆိုတာ မရှိခဲ့ ။

ဆောက်လုပ်ရေးဆိုက်ထဲကို ဇိုင်း စစ်ဆေးတဲ့ရက်က ၁၀ ကြိမ်မှာ ၄ ကြိမ်လောက်သာသွားစစ်ဆေးသည်။ ဇိုင်း အဲ့လိုဆိုက်ထဲ သွားစစ်ဆေးတဲ့ရက်တွေဆိုရင် ဇိုင်း မနက်အစောကြီး ကြိုသွားလိုက်သည်။ဟိုရောက်တဲ့အချိန်ဆို အလုပ်သမားတွေအလုပ်လုပ်နေပြီမို့ ဇိုင်း စစ်ဆေးစရာရှိတာ စစ်ဆေးလိုက်သည်။

ဇိုင်းရဲ့အိမ်ရှင်ထီးလေးက ဇိုင်း ပြန်မလာမချင်းစောင့်နေမှာသိတာကြောင့် ဘယ်လိုအကြောင်းပဲရှိရှိ ဇိုင်း အပြင်မှာမိုးချုပ်တဲ့အထိမနေ ညနေစောင်းတာနဲ့ပြန်လာသည် ဘာလို့ဆို ကေလး က မိုးချုပ်လို့သူ့ဘေးမှာ ဇိုင်း မရှိရင်ကြောက်တတ်တာကြောင့်ပင်....။

သုသု တစ်ယောက် ညေနထဲက ဗိုက်ထဲက အောင့်နာနေပေမယ့် အရမ်းနာနေတာမျိုးမဟုတ်တာကြောင့် ဒီတိုင်းပဲ မေ့မေ့ပျောက်ပျောက်ထားလိုက်သည်...။ကိုကို အလုပ်ကပြန်မလာခင်ထိ ဗိုက်ကအောင့်ပြီးနာနေပေမယ့် ခဏပဲမို့ ကိုကို ပြန်လာတော့ ပြန်မပြောပြမိ ။ သုသု အတွက်ဆို အရမ်းစိတ်ပူတတ်ပြီး ပြာယာခပ်တတ်တဲ့ ကိုကို့ ကို စိတ်မပူစေချင်တာကြောင့်လဲပါမည်။

အခုလဲ ကိုကို က အခန်းထဲမှာ သုသု သောက်ဖို့အတွက် နွားနို့ကိုဖန်ခွက်ကြီးထဲအပြည့်ထည့်ကာ သောက်ခိုင်းပြီး သုသု ကြိုက်တတ်တဲ့ မုန့်တချို့ယူထားပေးသည်။

ဖန်ခွက်ကြီးနဲ့နွားနို့တစ်ခွက်လုံးသောက်ထားတာတောင် မုန့်စားချင်နေသေးတဲ့ သုသု အကြောင်းကို ကိုကို က သိလို့ အိမ်မှာဆို သုသုစားချင်တဲ့မုန့်တွေကို အပြင်က ရယ်ဒီမိတ်တွေဝယ်ကျွေးသည်က ရှားသည်။ သုသု အတွက် အကောင်းဆုံး မုန့်ဖုတ်ဆိုင်ကြီးကနေ လတ်လတ်ဆတ်ဆတ် မုန့်ဖုတ်ခိုင်းပြီး တစ်ခါမှာရင် မုန့်သုံးမျိုး မှာပေးထားတတ်သည်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now