Unicode...
>>>>>>>>
အပန်းဖြေအနားယူရန်ရောက်နေတဲ့ VIP အခန်းတစ်ခန်းမှာ မြတ်မင်းခန့်နဲ့အတူ ခန့်ငြားကြီးကျယ်တဲ့ ကုတင်ထက်မှာလဲ ခန္တာကိုယ်ကော့ကြောင်းလှပတဲ့ မိန်းမပျိုတစ်ဦးအိပ်ပျော်နေလျှက်ရှိနေသည်။
မြတ်မင်း ဆိုတာ အဲ့လိုလူမျိုးပါ မနေနိုင်လို့ စားချင်ရင် အခုလိုပဲငွေပေးပြီး စားလိုက်ပေမယ့် နောက်ထပ်တော့ ဇယားလာမကပ်နဲ့တစ်ချက်လှည့်မကြည့်တတ်သူ။ အခုခါမှာလည်း အလုပ်ကိစ္စတွေနဲ့မွန်းကျပ်လို့ ခေါင်းဆေးတဲ့အနေနဲ့ မနေ့ကည One Night က အလှဆုံးမိန်းကလေးကို ဖျော်ဖြေဖို့ခေါ်လာပြီး သာယာနေလိုက်သည်။
နိုးလာသည်နှင့် မြတ်မင်းဘေးမှာ အိပ်နေတဲ့ ထိုမိန်းကလေးရဲ့ပုံစံကိုတစ်ချက်ကြည့်ပြီး နှုတ်ခမ်းမဲ့လိုက်သည်။ မနေ့ကညတော့ သူမ ပုံစံကိုမြတ်မင်း လိုချင်တပ်မက်ရှိလှပေမယ့် အခုတော့မဟုတ်ပေ။ မြတ်မင်း အိပ်ရာက ထကာကုတင်ဘေးက စားပွဲပေါ်မှာရွှေရောင်ဘဏ်ကတ် .တစ်ကတ်ထားခဲ့ကာအဝတ်စားလဲပြီး ထွက်လာခဲ့လိုက်သည်။
အနည်းဆုံးတော့ မြတ်မင်းပေးခဲ့တဲ့ကတ်ထဲကနေအမောက်က ထိုမိန်းကလေးတစ်သက်စားမကုန်လောက်ပါဘူး။ ဒါကြောင့်လဲ မြတ်မင်းကိုဆိုရင် မိန်းကလေး အများစုက မစွပ်ခင်ရ ညွှတ်ချင်နေကြသလို မြတ်မင်း ကလဲ ချောပေ့လှပေ့ဆိုတဲ့ မိန်းကလေး တွေကိုမှရွေးစားတတ်သည်လေ။
ဟိုတယ်အောက်ရောက်သည်နှင့် မြတ်မင်းရဲ့အတွင်းရေးမှုးလာစောင့်ကြိုနေတာကြောင့် မြတ်မင်း ကားပေါ်အဆင်သင့်ဝင်ထိုင်လိုက်သည်။
"ဆရာ အခုတခေါက်လေလံဆွဲမယ် Project ပိုင်ရှင်ကို ကျွန်တော်တို့လူတွေနဲ့ သွားညှိနှိုင်းပေမယ့် ဟိုဘက်က လူက လုံးဝလက်မခံပါဘူး လေလံပွဲမှာပဲ တွေ့မယ်လို့ အကြောင်းပြန်ပါတယ်"
" ဒီတခေါက် လေလံပွဲမှာ ငါနိုင်မှဖြစ်မယ် မနက်ဖြန်လာမယ့် ဒီ Project က အရမ်းအမြတ်ကြီးတယ် ငွေအပါဝင် အကုန်လုံးအဆင်သင့်လုပ်ထား ကြားလား"
" နားလည်ပါပြီ"
"လူတစ်ယောက်မှာ အားနည်းချက် မရှိဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး အဲ့လူရဲ့ အားနည်းချက်ရှိကို ရှိလိမ့်မယ် ရှာထား "
![](https://img.wattpad.com/cover/203669936-288-k359748.jpg)
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။