❤ ကိုကိုရဲ့ကလေးငယ် ၃ ❤

183K 13.1K 456
                                    

Unicode...
>>>>>>>>

.
.

ဟိုနေ့ကဖွားဖွားဖုန်းဆက်ပြီးနောက်နေ့မှာပဲချက်ချင်းခရီးထွက်ခဲ့တယ် ။

ဇိုင်း ဖွားဖွားစံအိမ်ရောက်သည်နှင့်ထုံးစံအတိုင်း အိမ်ရဲ့ရှိသမျှလူအားလုံးသည် စည်ကားပြီးပွဲတော်အလားထင်ရလောက်အောင်ပင် ခေါင်းငုံ့၍ကြိုဆိုကြတယ် ။

" မြေးလေးရောက်ပီလား "

ချည်သားစစ်စစ်ရင်စေ့အဖြူရောင်အကျီလက်ရှည်နှင့် အဆင့်မြင့်ချိတ်ထမိန် နှင့် တွဲရက်ဝတ်ဆင်ကာအထက်တန်းမြင့်မျိုးနွယ်ကလူကြီးတစ်ယောက်အနေနဲ့ တင့်တယ်စွာလှပနေသည့် ထိုအမျိုးသမီးဟာ ဇိုင်း ရဲ့ ဖွားဖွား ဒေါ်နန်းဝတီလွင် ပါပဲ ။

ဒေါ်နန်း၀တီလွင် ဟာ ဇိုင်း ကို ခရီးဦးကြိုထွေးပွေ့လိုက်သည် ။

" ဖွားဖွားကျန်းမာပါရဲ့လား "

" ဖွားဖွားကျန်းမာပါတယ် အော့်ဒီ့ကမြေးလေးကိုလွမ်းနာကြတာကလွဲလို့ ဟင်းး ဟင်းး"

မြေးအဖွားနှစ်ယောက်စကားပြောရင်း ဖွားဖွား ဟာ ဇိုင်း လက်မောင်းကိုအမှီပြုကာ ဧည့်ခန်းအတွင်းသို့ အတူတူဝင်ထိုင်ကာ စကားစမြည်းပြောဆိုနေတော့သည် ။ ဖွားဖွားကတော့ သူ့ရဲ့မြေးလေး နဲ့အတူ ထိုသို့ပြောနေရသည်ကိုပင် ပြုံးပျော်လို့နေရှာသည် ။

" မြေးလေး ဖွားဖွား မြေးကိုပြောစရာရှိတယ် "

" ပြောပါ ဖွားဖွား "

" မြေးအသက်ရွယ်အားဖြစ်လဲ မငယ်တော့ဘူးနော် ငါ့မြေးလေးလဲ အိမ်ထောင်ရက်သားကျပြီး မိသားစုဘ၀တစ်ခုထူထောင်သင့်ပြီလေ "

ဖွားဖွား စကားကြောင့် ဇိုင်း မျက်နှာမှာဘာအမူအယာမှမရှိ ပကတိအေးစက်ခပ်ထန်လျှက် ။

" ဖွားဖွား ကျနော်အိမ်ထောင်ပြုဖို့စိတ်မပါဘူး  ပြီးတော့ ကျနော့်အတွက်လဲမလိုအပ်ဘူး ဖွားဖွားကျနော့်ကိုနားလည်ပေးပါ "

" ဖွားဖွားနားလည်ပါတယ် ဖွားဖွားမြေးလေးကိုလဲ ဖွားဖွားအတင်းမတိုက်တွန်းချင်ပါဘူး .. ဒါပေမယ့် လက်ရှိမှာ မိသားစုရယ်ဆိုလို့ ဖွား နဲ့ မြေးလေး နှစ်ယောက်ပဲရှိတာ တနေ့မှာ ဖွားဖွားသေသွားခဲ့သည်ရှိသော် မြေးလေးတစ်ယောက်တည်းကျန်ရစ်နေခဲ့မှာ ဖွားဖွားဘယ်လိုမှ စိတ်မချဘူးကွယ် "

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now