Unicode...
>>>>>>>>.
.သုသု ထိုင်ခုံပေါ်မှာ စောင့်ပြီးမိနစ်၂၀လောက်နေတော့ အပြင်မှာထိုင်နေတဲ့ သုသုကိုမြင်ပြီး ဝန အလန့်တကြားပြေးလာသည်။
*အမလေးဗျာ အခုလိုပုံသာ Bossမြင်သွားရင် ငါ့ခေါင်းပြုတ်ပီပဲ*
"သခင်လေး..ဒီမှာဘာထိုင်လုပ်နေတာလဲ အထဲမ၀င်ဘူးလား"
"ကိုကိုကကြိုချိန်းမထားရင် အထဲပေးမ၀င်ဘူးပြောတယ် အကို၀န"
ကြယ်စင် သည် သုသု နဲ့ စကားပြောနေတဲ့ ဝန ကိုမြင်သွားသည်။
"ဟော..ကို၀နလဲ ဒီမောင်လေးကိုသိတာလား"
ဝန သည် အလုပ်စားပွဲနားကနေပြောနေတဲ့ ကြယ်စင့်နားကို ၀န တိုးကပ်သွားရင်း....
" မိကြယ်စင်ရေ နင်တော့ Boss ရဲ့အသက်လေးကိုအပြင်မှာထိုင်စောင့်ခိုင်းတာသာ ဟိုကသိရင် အလုပ်တင်မကဘူး ခေါင်းပါပြုတ်လိမ့်မယ်"
"ရှင်..ဘာ..ဘာလို့လဲ ကို၀နရဲ့"
ကြယ်စင်နဲ့၀နတို့ဆိုသည်မှာအလုပ်လုပ်တာသက်တမ်းအကြာဆုံးဆိုသလိုမောင်နှမတွေလိုပြောမနာ ဆိုမနာဖြစ်နေပြီမို့...
၀န စကားကိုနားမလည်စွာပြန်မေးသည်။"အဲ့တာတွေနောက်မှမေးတော့..."
ကြယ်စင်ကိုပြောကာ ၀န သုသုကိုရုံးခန်းထဲခေါ်သွားသည်။သို့ပေမယ့် ရုံးခန်းထဲခေါ်မသွားသည့်ဘူးဆိုတာ ၀န ကြိုသိခဲ့မယ်ဆိုရင်....။
"သခင်လေး ဒီမှာခဏထိုင်စောင့်နေပါ ခဏနေ Boss ပြန်လာလိမ့်မယ်.."
"အကို၀န.. သုသု ကော်ဖီအေး သောက်ချင်တယ်"
"ဟုတ်ကဲ့ ကျွန်တော်အခုသွား၀ယ်ပေးမယ် ခဏလေးစောင့်ပေး"
"ဟုတ် ဖြေးဖြေးသွား အကို၀န"
သုသုရဲ့လူတစ်ဖက်သားအပေါ်အဲ့လိုစာနာစိတ်လေးတွေကြောင့် ၀နအပါအ၀င် ဇိုင်း နောက်လိုက်တော်တော်များများက သုသု ကိုသံယောဇဉ်ရှိကြသည်။ ၀န သွားပြီးခဏအကြာ သန့်စင်ခန်းထဲကနေထွက်လာတဲ့သူမ...။
"မင်းက ဘယ်သူလဲ..ဒီမှာဘာထိုင်လုပ်နေတာလဲ"
သုသု အသံလာရာလှည့်ကြည့်စဉ်.....။
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S1 [ Completed ]
Romance#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။